အမေရိကန်တရားရုံးချုပ် တရားသူကြီး ကင်ဆာရောဂါဖြင့် ကွယ်လွန်

အသက် ၈၇ နှစ်အရွယ် အမေရိကန်တရားရုံးချုပ်တရားသူကြီး ရုသ်ဘေဒါ ဂင်စ်ဘာ့ဂ်ဟာ ပန်ကရိယကင်ဆာ ရောဂါနဲ့ စက်တင်ဘာ ၁၈ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။   ၁၉၉၃ ခုနှစ်ကတည်းက အမေရိကန်တရားရုံးချုပ်မှာ အားထားရတဲ့ လစ်ဘရယ် တဦး ဖြစ်တဲ့ ဂင်စ်ဘာ့ဂ် ကွယ်လွန်သွားတာဟာ သမ္မတ ထရမ့်ကို တတိယမြောက် ရာထူးခန့်အပ်ခွင့်နဲ့အတူ သူရဲ့ ကွန်ဆာဗေးတစ် အင်အားများအောင် အခွင့်အရေးပေးလိုက်တာပါ။  ဂင်စ်ဘာ့ဂ် ကွယ်လွန်တာဟာ  လက်ရှိမှာ ၅ ဦး၊ ၄ ဦး နဲ့  ကွန်ဆာဗေးတစ်အများစု ရှိနေတဲ့ တရားရုံးချုပ်ရဲ့ ဟန်ချက်ကို သိသိသာသာပြောင်းလဲပြီး လက်ယာဘက်ကို ပိုမိုယိမ်းသွား စေနိုင်ပါတယ်။  အမေရိကန်ကွန်ဂရက်မှာလည်း အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ချ်မက်ကွန်နယ်က ဒီမိုကရက်တွေရဲ့ နိုဝင်ဘာရွေးကောက်ပွဲရလဒ် စောင့်ပေးဖို့ ပန်ကြားချက်ကို လျစ်လျူရှုပြီး ဂင်စ်ဘာ့ဂ်နေရာမှာ အစားထိုး ခန့်အပ်ပေးဖို့ သမ္မတ ထရမ့်ကို ဖိတ်ကြားခဲ့ပါတယ်။   သမ္မတထရမ့် အဆိုပြုသူကို အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်သွားမယ်လို့လည်း မစ်ချ်မက်ကွန်နယ်က တွစ်တာစာမျက်နှာမှာ ရေးခဲ့ပါတယ်။  အမေရိကန်တရားရုံးချုပ်တရားသူကြိး ရုသ်ဘေဒါ ဂင်စ်ဘာ့ဂ် ကွယ်လွန်တဲ့ အပေါ်မှာ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးနဲ့ အဆိုတော်ဆာတို့အပါအဝင် နိုင်ငံရေးသမားတွေနဲ့ ထင်ရှား ကျော်ကြားသူတွေက ဝမ်းနည်းကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up