ဝမ်းတွင်းမြို့နယ်က တောင်ဒဂုံမြို့နယ်နေ အမျိုးသား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
September 19, 2020
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်နေ အမျိုးသား ၁ ဦး နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ ဆေးစစ်ရာက ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာဟာ စက်တင်ဘာ ၁၈ ရက်ညနေ ၄ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၄၀၄ ဦးထဲမှာ ပါလာတာပါ။
မြို့နယ်အုပ်ချုပ်ရေးရုံး ရုံးအုပ်ကြီး ဦးအောင်ကျော်ဦးက "ရန်ကုန်က တောင်ဒဂုံမြို့နယ်မှာ ၁ ဦးတည်း နေနေတာ ၂ လကျော်ပြီ ဝမ်းတွင်းနယ်သား ၁ ဦးပါ။ သင်္ဘောပြန်တက်ဖို့ ဆေးစစ်ရာက ပိုးတွေ့သွားတာပါ။ သူက ပြန်လာရင်လည်း သာစည်နယ်ဘက်မှာ အနေများတယ်" လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအိအိချောက "အခုပိုးတွေ့လူနာက ရန်ကုန်မှာ အနေများတယ်၊ ဝမ်းတွင်းဘက်က မိသားစု ဆွေမျိုးတွေနဲ့ ထိတွေ့မှု သိပ်မရှိပါဘူး" လို့ ပြောပါတယ်။
အသက် ၃၂ နှစ်အရွယ် ပိုးတွေ့လူနာဟာ ဝမ်းတွင်းမြို့နယ် ရွှဲသီးကျေးရွာအုပ်စုက ဖြစ်ပါတယ်။ ဇနီးဖြစ်သူက သာစည်မြို့နယ်ဘက်က ဝန်ထမ်း ၁ ဦးဖြစ်ပြီး သား ၁ ဦး ရှိပါတယ်။
ဝမ်းတွင်းမြို့နယ်မှာ ပြည်ပက ပြန်လာသူနဲ့ ကိုဗစ်-၁၉ ရောဂါပိုးဖြစ်ပွားရာ တိုင်းဒေသကြီးတွေက ပြန်လာသူတွေကို Facility quarantine ထားတဲ့နေရာ ၉၅ ခုမှာ Quarantine ဝင်နေသူ ၂၇၃ ဦးရှိပါတယ္။
၂၁ ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါမတွေ့ရှိတာကြောင့် Quarantine က ထွက်ခွာသွားသူ ၁၈၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
မောင်မောင်လင်း