DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်ပေါက်ကွဲမှု ဗိုလ်လောင်း ၁ ဦး အပါအ၀င် ၃ ဦး ဒဏ်ရာရ
DVB
·
June 30, 2013
ပြင်ဦးလွင်ပေါက်ကွဲမှု ဗိုလ်လောင်း ၁ ဦး အပါအ၀င် ၃ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဒီနေ့ မွန်းလွဲပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားပြီး စစ်သည် ၁ ဦး၊ ဗိုလ်လောင်း ၁ ဦးနဲ့ အရပ်သား ၁ ဦးတို့ ဒဏ်ရာ အသီးသီး ရရှိခဲ့ကြပါတယ်။

ပြင်ဦးလွင်မြို့ လားရှိုး- မန္တလေးလမ်းပေါ် အားကစားကွင်း ဈေးဆိုင်တိုက်တန်းရှေ့မှာ ရပ်ထားတဲ့ မော်တော်ဆိုင်ကယ်တစီးကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်စဉ်ကို သတင်းသွားရောက်ရယူခဲ့တဲ့ မြို့ခံသတင်းထောက် ဦးဇော်က “ဆိုင်ကယ်ကတော့ ဘာမှ ရစရာမရှိဘူး။ နည်းနည်းပြင်းတယ်၊ လူကတော့ သုံးယောက် ထိခိုက်သွားတယ်။  တပ်မတော်သား ၂ ယောက်၊ ဗိုလ်လောင်း ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦး။ နောက် အရပ်သား ၁ ဦး။ သူတို့ အဲနားက ဖြတ်သွားတဲ့အချိန် မတော်တဆ ဖြစ်သွားတာ။ တယောက်က နည်းနည်းစိုးရိမ်ရတယ်ဆိုပေမယ့် ခြေတောက်လောက်ပါ။ အသက်အန္တရာယ်တော့ မရှိပါဘူး” လို့ ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပြင်ဦးလွင်ရဲစခန်း တာဝန်ကျ ရဲအရာရှိက “စုံစမ်းရသလောက်တော့ အပူချိန်ကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။ မိုင်းနဲ့ ပတ်သက်တာတော့ ဘာမှ မတွေ့ရဘူး။ အသေးစိတ်ကိုတော့ ကျနော်တို့ စစ်ဆေးနေတုန်းပါ။ ဆိုင်ကယ်အစတွေက ကျေမွသွားတော့ ဘယ်လိုကြောင့်လဲဆိုတာ အသေးစိတ်စစ်နေပါတယ်” လို့ ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်က ရန်ကုန်၊ နေပြည်တော်တို့နဲ့ မရှေးမနှောင်း လူမနေတဲ့အိမ်တလုံးမှာ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013