Home
မြန်မာသတင်း
ကိုဗစ်-၁၉  ရောဂါဖြင့် သေဆုံးသူ ၇ ဦးထပ်တိုးလာ 
DVB
·
September 18, 2020
ကိုဗစ်-၁၉  ရောဂါနဲ့ နောက်ထပ်  သေဆုံးသူ  ၇   ဦးထပ်တိုးလာပြီး   မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ နဲ့ သေဆုံးသူ စုစုပေါင်း  ၆၈    ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသွားသူတွေက ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးက အသက် ၇၀ အရွယ် အမျိုးသား ၁ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ၅ ဦး၊ မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံကြီးက အသက် ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ဖြစ်ပါတယ်။  ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ ၆၁ နှစ်အရွယ် လူနာအမှတ် ၃၇၆၇ (ကျား)၊ ၇၅ နှစ်အရွယ် လူနာအမှတ် ၄၀၂၀ (မ)၊ ၆၂ နှစ်အရွယ် လူနာအမှတ် ၄၀၃၀ (ကျား)၊ ၇၅ နှစ်အရွယ် လူနာအမှတ် ၄၀၄၉ (ကျား) နဲ့ ၄၈ နှစ်အရွယ် လူနာအမှတ်  ၄၀၅၇ (မ) တို့ သေဆုံးသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ညနေ ၄ နာရီအထိ  ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၄,၂၉၉ ဦး၊ သေဆုံးသူ ၆၈ ဦး ၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၉၄၄ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၀၅ ဦးရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024