Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၁၁ ဦးထပ်တိုး၊ စုစုပေါင်းသေဆုံးသူ ၅၇ ဦး ရှိလာ
DVB
·
September 17, 2020
အသက် ၈၀ အရွယ်အမျိုးသမီး ၁ ဦးအပါအဝင် သေဆုံးသူ ၁၁ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ရောဂါနဲ့  သေဆုံးသူပေါင်း ၅၇ ဦးအထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက  ဒီကနေ့ မွန်းလွဲ ၃ နာရီက ထုတ်ပြန်ပါတယ်။  သေဆုံးသူ  ၁၁ ဦးကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အသက် ၂၄ နှစ်အရွယ် အမျိုးသား ၁ ဦးအပါအဝင် ၆၀ ကျော် အမျိုးသား ၄ ဦး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးက အသက် ၆၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ တောင်ဥက္ကလာအထူးကုဆေးရုံက အသက် ၅၂ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၆၇ နှစ်အရွယ်အမျိုးသမီး ၁ ဦး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံက အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသား ၁ ဦး ၊ မန္တလေးပြည်သူဆေးရုံကြီးက အသက် ၈၀ အရွယ် အမျိုးသမီး ၁ ဦး တို့ ဖြစ်ပါတယ်။ ဒါအပြင် စက်တင်ဘာ ၁၆ ရက်နေ့အတွက် အမှတ် ၂ တပ်မတော်ဆေးရုံကြီး ကုတင် ၁၀၀၀ က ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂၈၂ ခုအား စစ်ဆေးရာမှာ လူနာသစ် ၁ ဦးထပ်မံ ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ အတည်ပြုလူနာ ၃,၈၉၅ ဦးရှိသွားပြီလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ လတ်တလောအချိန်ထိ တရိပ်ရိပ် မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ မှာ စတင်တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရ သူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေ အတွက်လည်း မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024