Home
မြန်မာသတင်း
မန္တလေးတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ မဲဆွယ်ပိုစတာ ဖျက်ဆီးခံရ 
DVB
·
September 17, 2020
119565516_2774037062853335_8939372031594078269_o
119596930_2774036959520012_5723290991602591153_o
119488553_2774037016186673_7447221170072067760_o
119459535_2774036912853350_6890135080254380502_o
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းအနီး စိုက်ထူထားတဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ဆိုင်းဘုတ် ပိုစတာဖျက်ဆီးခံခဲ့ရပါတယ်။ စက်တင်ဘာ ၁၇ ရက်မနက်က  ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ ရဲစခန်းထံ တိုင်ကြားသွားမယ်လို့ မဲဆန္ဒနယ် အမှတ်(၅)မှာ ဝင်ပြိုင်မယ့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝေက ပြောပါတယ်။ "ဒီကိစ္စကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို သတင်းပို့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရဲစခန်းကို အကြောင်းကြားထားပါတယ်။ သက်ဆိုင်ရာက သူတို့ လိုအပ်တာ လုပ်ပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ကတော့ ပြည်ထောင်စု​​ကောင်းကျိုးဆောင်ပါတီရဲ့ လူကြီးတွေ ညွှန်ကြားထားတာဖြစ်တဲ့ ဘယ်သူ့ကိုမှာ တရားခံရှာ အရေးယူသွားမှာမဟုတ်ပါဘူး။ ဖျက်သွားတာကို ကျနော်တို့ပြင်မယ်၊ ဒါတွေကတော့ ရှိကောင်းနိုင်တယ်။ ရှိနိုင်တာ ဖြစ်တဲ့အတွက် သည်းခံရမယ်၊ ခွင့်လွှတ်ရမယ် သူတို့ ဘယ်လို မကျေနပ်မှုနဲ့ ဖျက်ဆီးတယ် မသိဘူး၊ ရည်ရွယ်ချက်ကိုလည်း မဖော်ထုတ်တော့ဘူး၊ ကျနော်တို့ ကတော့ အသစ်ကို အချိန်မီပြီးစီးအောင် ပြန်ပြင်သွားမှာပါ "  မန္တလေးတိုင်းမှာ မဲဆွယ်ကာလစတင်ချိန်မှ ဒီနေ့အထိ ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ သတင်းပို့ခြင်းမရှိသေးကြောင်း၊ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရတာတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့် တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးရှိန်ဝင်းက  ဒီဗွီဘီကို ပြောပါတယ်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တွေမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ် ပိုစတာတွေ ဖျက်ဆီးခံရတာတွေ ရှိပါတယ်။  သတင်း- သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024