Home
မြန်မာသတင်း
ပူတာအို-မချမ်းဘောမြို့ပတ်လမ်းပေါ်ရှိ  ရှဲဝမ်ချောင်း ရေကာတာကျိုးပျက်
DVB
·
September 17, 2020
119579156_2660662287595046_2091990123749060029_n
119570071_2660662200928388_5950400268783953199_n
119204830_2660662244261717_2109413437092068250_n
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ ပူတာအို-မချမ်းဘော့ ဆက်သွယ်ထား‌တဲ့ မြို့ပတ်လမ်းပေါ်မှာရှိတဲ့ ရှဲဝမ်ချောင်းရေကာတာဟာ တည်ဆောက်ပြီး တစ်နှစ်အတွင်းမှာ ကျိုးပျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှဲဝမ်ချောင်းရေကာတာဟာ ဩဂုတ်လ လကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ကျိုးပျက်သွားတယ်လို့ နမ်ခမ်ရွာ အုပ်ချူပ်ရေးမှူးကပြောကြားလိုက်ပြီး အခုလို ပျက်စီးရတာဟာ ရေက အောက်ခြေကို တိုက်စားခဲ့တာကြောင့်ပြိုလဲ ပျက်စီးခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။  အခုလို ရေကာတာ ကျိုးပျက်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့သလို ရေကာတာတည်ဆောက်ခဲ့တဲ့ ရှဲဝမ်ကုမ္ပဏီအနေနဲ့လည်း ပြန်လည်မွမ်းမံ တည်ဆောက်ပေးမယ်လို့ ကတိကဝတ် ပြုခဲ့ပေမယ့် ဘယ်အချိန် ပြန်လည်တည်ဆောက်မယ် ဆိုတာကို အတိအကျ ပြန်လည်ပြောကြားတာ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။  အခုရေကာတာဟာ ပူတာအို-ကောင်းမှုလုံ-မချမ်းဘော့ မြို့ပတ်လမ်းပေါ်က ရေချောင်းမှာ ရှိတာဖြစ်တဲ့အတွက် အချိန်မီ မပြုပြင်နိုင်ဘူးဆိုရင် ပူတာအိုနဲ့မချမ်းဘော့အတွက် အဓိက မှီခိုရာ လမ်းပန်းဆက်သွယ်ရေးကို ထိခိုက်လာနိုင်တယ်လို့ သိရပါတယ်။  ရှဲဝမ်ချောင်း ရေကာတာကို ၂၀၁၈-၁၉ခုနှစ် ဘဏ္ဍာ‌ရေးနှစ်မှာ အစိုးရရဲ့ ဘက်ဂျတ်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး တစ်နှစ်တာ အချိန်အတွင်းမှာ ကျိုးပျက်ခဲ့ရတာလည်း ဖြစ်ပါတယ်။   သတင်း- ဖေနောင်းအောင်(ပူတာအို)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024