Home
မြန်မာသတင်း
စာရေးဆရာ မြေမှုန်လွင်က သုဝဏ္ဏ ကိုဗစ်ယာယီကုသရေးဌာနသို့ ငွေကျပ် ၁၂ သိန်း လှူဒါန်း
DVB
·
September 17, 2020
       စာရေးဆရာတယောက်လည်းဖြစ်၊ ထုတ်ဝေသူတယောက်လည်းဖြစ်တဲ့ မြေမှုန်လွင်က လတ်တလော ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတုကွင်းမှာ တည်ဆောက်နေတဲ့ ကိုဗစ်ယာယီကုသရေးဌာနကို ငွေကျပ် ၁၂ သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံဟာ လတ်တလောမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းဒဏ်ကို ခံနေကြရပြီး ရောဂါကို ခုခံကာကွယ်တိုက်ထုတ်နိုင်ရေးအတွက် အစိုးရဘက်ကရော ပြည်သူတွေကပါ အဘက်ဘက်က ကြိုးပမ်းနေကြရချိန် ဖြစ်ပါတယ်။        စက်တင်ဘာ ၁၆ ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃,၈၂၁ ဦး၊ သေဆုံးသူ ၄၀ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့တဲ့ လူနာဟောင်း  ၉၀၈ ဦး စောင့်ကြည့်လူနာအသစ် ၂၈၀ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက  သိရပါတယ်။        သုဝဏ္ဏမြက်ခင်းတုကွင်းမှာ တည်ဆောက်နေတဲ့ ကိုဗစ်ယာယီကုသရေးဌာနကို ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ ပိုးတွေ့လူနာတွေများလာတဲ့အတွက် ကျန်းမာ ရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး ဧရာဝတီဖောင်ဒေးရှင်းက ဦးဆောင်ကာ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ လူ ၂၀၀ ဆံ့အောင် တည်ဆောက်မှာဖြစ်ပြီး နောက်ထပ် လူ ၄၀၀ လောက် ထပ်ထားနိုင်ဖို့လည်း စီစဉ်မယ်လို့ သိရပါတယ်။        ခုလတ်တလော စာရေးဆရာ မြေမှုန်လွင်ရဲ့ လှူဒါန်းမှုကတော့ သူ့ရဲ့ အသစ်ထွက် “အန်ဒါဂရောင်း” အမည်ရတဲ့ စာအုပ်ကို ရောင်းချရငွေတွေအားလုံးကို လှူဒါန်းခြင်းဖြစ်တယ်လို့ သိရပါတယ်။        ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။        “အန်ဒါဂရောင်းစာအုပ်ကို တန်ဖိုး ၄,၀၀၀ ကျပ်နဲ့ အုပ်ရေ ၂၀၀၀ ထုတ်ဝေပါတယ်။ စာမူခအနေနဲ့ ၁၂ သိန်းရရှိပါတယ်။ စာမူခ အားလုံးကို သုဝဏ္ဏမြက်ခင်းတုကွင်းမှာ တည် ဆောက်နေတဲ့ ကိုဗစ်ယာယီကုသရေးဌာနကို လှူဒါန်းခဲ့ပါတယ်။ စာဖတ်ပရိတ်သတ်များနဲ့ ကျနော်နဲ့ပူးပေါင်းကုသိုလ်ပြုတယ်လို့ မှတ်ယူပေးကြပါ။ စာပေချစ်သူများအားလုံးရဲ့ ကု သိုလ်ကောင်းမှုပါပဲခင်ဗျာ”        အန်ဒါဂရောင်းစာအုပ်ကတော့ စာရေးဆရာ မြေမှုန်လွင်ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ စာအုပ်တအုပ်ဖြစ်ပြီး အခုလဆန်းမှာမှ ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024