တာချီလိတ်- မယ်ဆိုင်နယ်စပ်တွင် ကုန်တင်ယာဉ် ၆ စီးသာ အပြန်အလှန် ဝင်ခွင့်ပြုမည်
DVB
·
September 17, 2020
တာချီလိတ်-မယ်ဆိုင်နယ်စပ်က ထိုင်း-မြန်မာကုန်သွယ်ရေးမှာ နှစ်နိုင်ငံအကြား ကုန်တင်ယာဉ် ၆ စီးသာ အပြန်အလှန် ဝင်ထွက်သွားလာခွင့်ပြုတော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု အရေအတွက်များပြားလာတာကြောင့် စက်တင်ဘာလ ၁၅ ရက်က စတင်ပြီး မြန်မာကုန်တင်ယာဉ်တွေကို ထိုင်းနိုင်ငံဘက်က ကန့်သတ်မှုတွေ ပြုလုပ်လာတာပါ။
ဒီလို ကန့်သတ်မူတွေကြောင့် နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ရာကနေ အခုလို သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ချင်းလိုင်းခရိုင်ကနေ ကုန်တင်ယာဉ်မောင်းတွေကို စိစစ်နိုင်ဖို့အတွက် ယာဉ်မောင်းတွေကို ဝင်ခွင့်ကတ်တွေ ထုတ်ပေးထားပြီး ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို ချိုးဖောက်ရင်လည်း ထိရောက်စွာအရေးယူမယ်လို့ ကြေညာထားပါတယ်။
ဒီအကျိုးဆက်ကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာလာနိုင်ပြီး ကုန်စည်တွေအဝင် နည်းလာနိုင်မယ်လို့ ကုန်သည်စက်မှု့အသင်းချုပ်က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃,၈၉၄ ဦး၊ သေဆုံးသူ ၄၆ ဦးနဲ့ ထိုင်းနိုင်ငံမှာတော့ အတည်ပြုလူနာ ၃၄၉၀ ဦးနဲ့ သေဆုံးသူ ၅၈ ဦး ရှိတယ်လို့ သိရပါတယ်။
သတင်း - စိုးချစ်ချစ်ပိုင်