Home
မြန်မာသတင်း
ဆက်သွယ်ရေးအော်ပရေတာရွေးချယ်မှု ဆက်သွယ်ရေးဝန်ကြီး ရှင်းလင်း
အေးနိုင်
·
June 27, 2013
ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်အောင်မြင်သူတွေအဖြစ်  မကြေညာခင် နာရီပိုင်း အလိုက  ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြတ်ဟိန်းက ရွေးချယ်မှုတွေကို  ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တယ်ဆိုတာကို လွှတ်တော်မှာ တက်ရောက်ရှင်းလင်းခဲ့ပါတယ်။ ဇွန် ၂၆ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ  တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးမျိုးဆွေက ဆက်သွယ်ရေးဥပဒေလို သီးခြားဥပဒေတခု ပြဋ္ဌာန်းပြီးမှ နိုင်ငံခြား၊ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေကို ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကန်ထရိုက်တင်ဒါခေါ်ဖို့၊ လုပ်ငန်းအပ်နှံဖို့ကို အရေးကြီးအဆိုတင်ခဲ့ရာမှာ အဆို အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် အော်ပရေတာ ကြေညာရေး နှောင့်နှေးမလားလို့ အများစိတ်ဝင်စားနေချိန်မှာ ဒီနေ့မှာတော့ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တယ်ဆိုတာကို လွှတ်တော်မှာ ရှင်းလင်းခဲ့ပြီး သတင်းထောက်တွေကိုလည်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အစည်းအဝေးတက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သတင်းထောက်တွေရဲ့အမေးကို ဖြေကြားရာမှာ လုပ်ငန်းတွေကို ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်သင့်တယ်လို့ ထင်မြင်ချက်ပေး ပြောဆိုခဲ့ပါတယ်။ အမျိုးသားစီမံကိန်းနဲ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးနဲ့ တင်ဒါ စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ဇွန် ၂၇ ရက်နေ့ ညနေ ၅ နာရီမှာ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး အော်ပရေတာရွေးချယ်ရာမှာ   ပြည်သူတွေကို ဘယ်လိုဈေးနဲ့ရောင်းချမယ်။  မိုဘိုင်းဖုန်းဈေးတွေကို ဘယ်လို လျော့ချမယ်။ မြန်မာတနိုင်ငံလုံးမှာ ဘယ်လိုဖြန့်ကျက်ဆောင်ရွက်မယ်။ အရည်အသွေးကို ဘယ်လိုကောင်းအောင်လုပ်မယ် စတဲ့အချက်တွေကိုကြည့်ပြီး ဦးစားပေးရွေးချယ်ထားတယ်လို့ ဒေါက်တာဆက်အောင်က ရှင်းပြပါတယ်။ တင်ဒါရွေးချယ်စီစစ်ရေးကော်မတီရဲ့ ညနေ ၅ နာရီ ကြေညာချက်မှာတော့  ဆက်သွယ်ရေးအော်ပရေတာလိုင်စင် အောင်မြင်သူတွေအဖြစ် နော်ဝေအခြေစိုက် တယ်လီနော် မိုဘိုင်းလ် ဆက်သွယ်ရေး ကုမ္ပဏီ (Telenor Mobile Communications)နဲ့ ကာတာအခြေစိုက် အော်ရီဒူး (Ooredoo) ကုမ္ပဏီတို့ကို ရွေးချယ်လိုက်ကြောင်း  ကြေညာလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024