Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာ ၆ ဦးပါသည့် ငါးဖမ်းလှေ ၁ စီးတိမ်းမှောက်၊ ၃ ဦးပျောက်ဆုံးနေ
DVB
·
September 16, 2020
119620639_1226636797685350_4256571050136811177_n
ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူပ်ခီရီခန်ခရိုင်ထဲမှာ မနေ့ညက ပုဂ္ဂလိကပိုင်ငါး ဖမ်းလှေတစ်စီး  မတော်တဆတိမ်းမှောက်သွားပြီး မြန်မာရေလုပ်သားအပါအဝင် ၃ ဦးပျောက်ဆုံး နေတယ်လို့  ထိုင်းအဏ္ဏဝါပြင် အမျိုးသားအကျိုးစီးပွားစောင့်ရှောက်ရေးဗဟိုဌာန THAIMECC က ထုတ်ပြန်ပါတယ်။  ဝိစနုရုန့်ရိန်းအမည်ရှိ ငါးဖမ်းလှေတစ်စီးဟာ စက်တင်ဘာ ၁၅ ရက် ညက ပရန်ပူရီဆိပ်ကမ်း အရှေ့ဘက် ၁၆ မိုင်အကွာ ပင်လယ်ပြင်ထဲမှာ တိမ်းမှောက်သွားကြောင်း ည ၁၀ နာရီကျော်က သတင်းပေးပို့ချက်ရတဲ့အတွက် အမှတ် ၂၆၆ ရေတပ်ဖွဲ့၊ အပတ်စဉ် ၈၁၆ ရေတပ်ဖွဲ့ဝင်နဲ့ ရေကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ကယ်ဆယ်ခဲ့တယ်လို့ ခရိုင်ရေတပ်စခန်းဌာနချုပ် ဒုညွန်မှူး ဗိုလ်မှူးချုပ် ထန်ယနိထိ ကယောက်ဝိန်းတေချရတ်က ပြောပါတယ်။  အဆိုပါ ငါးဖမ်းလှေထဲမှာ ထိုင်းလူမျိုး လှေဦးစီး ၁ ယောက်နဲ့ ရေလုပ်သား ၇ ဦး (မြန်မာ ၆ ဦး နဲ့ ကမ္ဘောဒီးယား ၁ ဦး) တို့ ပါဝင်ပြီး မနေ့ညက ငါးဖမ်းထွက်စဉ် လှိုင်းကြီးလေထန်လာလို့ စက်ချို့ယွင်းပြီး မတော်တဆတိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။  ကယ်ဆယ်ရေးအဖွဲ့တွေဟာ ည ၁၁ နာရီခွဲအချိန်မှာ ရေလုပ်သား ၅ ဦးကို ရှာဖွေ ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၃ ဦးကိုလည်း တညလုံးရှာဖွေပေမယ့် မတွေ့ဘဲ လေထန်ပြီး လှိုင်းကြီးလာလို့  ဒီကနေ့ မနက် ၂ နာရီခွဲမှာ ရှာဖွေရေး ရပ်နားလိုက်ရတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။  ပျောက်ဆုံးသူ ၃ ဦးမှာ ထိုင်းလူမျိုး လှေဦးစီး ၁ ယောက်နဲ့ မြန်မာရေလုပ်သား ၂ ယောက်ဖြစ်ကြောင်း၊ လှေဦးစီးမှာ  လှေထဲကနေထွက်လာတာမတွေ့ရဘဲ မြန်မာရေလုပ်သား ၂ ဦးကတော့ ရေမကူးတတ်ဘူးလို့ ဆိုပါတယ်။  ကယ်ဆယ်နိုင်ခဲ့တဲ့ ရေလုပ်သား ၅ ဦးကိုတော့ ဒီမနက်မှာ ပရန်ပူရီဆေးရုံကို ပို့ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း ၊ သူတို့မှာ ဒဏ်ရာကြီးမားတာမရှိလို့  ရေတပ်စခန်းမှာ ခေါ်ထားပြီး လှေပိုင်ရှင်ကိုလည်း အကြောင်းကြားထားတယ်လို့  ရေတပ်တာဝန်ရှိသူမှ သတင်းထော က်ကို ပြောပါတယ် ။  ကိုးကား- THAIMECC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024