Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် မိုးများ ရေကြီးမြေပြိုပြီး လူ ၄ ဦးသေဆုံး
DVB
·
September 16, 2020
119472702_621333518440683_7958256763422024165_n
119521720_621333641774004_1322777310091575614_n
119450588_621333611774007_4906140525681382193_n
119207829_621333558440679_8346259734389713458_n
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စက်တင်ဘာ ၁၆ ရက် မနက်က မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြေပြိုကျပြီး  လူ ၄ ဦးသေဆုံးခဲ့တယ်လို့ မြို့နယ် အရန်မီးသတ်တပ်ရင်းမှူး ဦးကျော်ခိုင်က ပြောပါတယ်။  မိုးကုတ်မြို့ ရွှေတိုင်ရပ်ကွက်မှာ မြေပြိုတာကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ကိုးလံရွာမှာ မြေစာပုံပြိုကျပြီး မိသားစုတစ်စုမှ လူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။  မိုးကုတ်ကအိမ်တွေဟာ တောင်စောင်းမှာ ဆောက်ကြတာမို့ တောင်တွန်းတဲ့အခါမှာ မြေပြိုရတာလို့ သိရပါတယ်။ မိုးကုတ်မြို့မှာ စက်တင်ဘာ ၁၅ ရက် ည ၁ နာရီလောက်က မိုးရွာသွန်းခဲ့တာဖြစ်ပြီး မနက် ၇ နာရီလောက်မှာ အိမ်တွေထဲရေဝင်ကာ ကတ္တရာလမ်းတွေပေါ်မှာ ရေကြီးခဲ့ပါတယ်။ မိုးကုတ်မြို့မှာ ရေကြီးပေမယ့် အခုလို အိမ်တွေထဲရေမဝင်တာ ငါးနှစ်နီးပါးရှိပြီလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။  တောင်တွန်းမှုတွေကြောင့် သစ်ပင်လဲတာ ကားလမ်းပိတ်တာတွေရှိပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့က အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။  ဒီနေ့ နေ့လယ်ပိုင်းမှာ ရေပြန်ကျနေပြီး မြေပြိုမှုအတွင်း သေဆုံးသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကူညီနေဆဲ ဖြစ်ပါတယ်။ သတင်း- ဟန်နာထက်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024