မသန်စွမ်းသူများ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
June 27, 2013
ဇွန် ၂၆ ရက်မှ ၂၇ ရက်နေ့အထိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ခန်းမမှာ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ဦးဆောင်ပြီး ပေါင်းကူး လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းရဲ့ ထောက်ပံ့မှုနဲ့ မသန်စွမ်းသူများ အကျုံးဝင် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၃ ရက်တာ ကျင်းပပြုလုပ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲမှာ မသန်စွမ်းသူတွေရဲ့အခွင့်အရေးတွေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ မသန်စွမ်းသူများဆိုင်ရာဥပဒေ၊ အလုပ်သမားဥပဒေနဲ့ဆိုင်သော အကြောင်းအရာတွေကို ၀ိုင်းဝန်းဆွေးနွေး တင်ပြခဲ့ကြပါတယ်။အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရဲ့ နယ်ရုံးခွဲတွေက အမှုဆောင်တွေနဲ့ ခေါင်းဆောင်မှုမြှင့်တင်ရေး သင်တန်းသားဟောင်းတွေ တက်ရောက်ခဲ့ကြပါတယ်။ (ဓာတ်ပုံ - MILI)
Read more