A d v e r t i s e m e n t With Us

နေပြည်တော်၌ ကိုဗစ်-၁၉ လူနာ ၄၀ ကျော်တွေ့ရှိ၊ ထက်ဝက်ကျော်က အစိုးရဝန်ထမ်းများဖြစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှာ ကိုဗစ်-၁၉  ပိုးတွေ့လူနာ အယောက် ၄၀ ကျော် ရှိနေပြီး တစ်ဝက်လောက်က အစိုးရဝန်ထမ်းတွေ ဖြစ်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဒီဗွီဘီကို ပြောပါတယ်။  ကိုဗစ်-၁၉ ဒုတိယလှိုင်း ကူးစက်မှု မြန်ဆန်လာတာကြောင့် နေပြည်တော်ကို စက်တင်ဘာ ၂ ရက်က စတင်ပြီး အဝင်အထွက်တင်းကြပ်ခဲ့ပေမယ့် ပိုးတွေ့လူနာတွေ နေ့စဉ် များပြားလာတာပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့  စက်တင်ဘာ ၁၄ ရက် ညပိုင်း က ထုတ်ပြန်ချက်အရ နေပြည်တောင်ကောင်စီမှာ ကိုဗစ် -၁၉ အတည်ပြုလူနာ ၈ ဦး ထပ်တိုးလာပါတယ်။ ဒီထဲပိုးတွေ့လူနာတွေက ဇမ္မူသီရီမြို့နယ်ထဲက အများဆုံးဖြစ်နေပါတယ်။  လက်ရှိမှာ ပိုးတွေ့လူနာတွေ အားလုံးကို နေပြည်တော်ခုတင် ၁၀၀၀ အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကုသပေးနေပြီး စိုးရိမ်စရာအခြေအနေ မရှိဘူးလို့ ဆိုပါတယ်။  ပိုးတွေ့လူနာနဲ့ ထိတွေထားသူ အယောက် ၄၀၀ ကျော်ကို နေပြည်တော် ခုတင် ၃၀၀ ဆေးရုံ ၊ ပျဉ်မနားဆေးရုံနဲ့ ဟိုတယ်တွေမှာ ကွာရန်တင်းထားရှိပါတယ်။  နိုင်ငံတော်သမ္မတရုံးကလည်း နိုင်ငံဝန်ထမ်းအားလုံး နှစ်ပတ်ရုံးတက် ၊ နှစ်ပတ် နေအိမ်ကနေ အလုပ်လုပ်ကြဖို့ ၊ အိမ်ကနေ အလုပ်လုပ်နေစဉ်အတွင်း စျေးဝယ်ထွက်တာကလွဲပြီး အပြင်မထွက်ဖို့ ၊ ခရီးဝေးသွားရင် အထက်အဆင့်ဆင်ကို တင်ပြဖို့ ညွှန်ကြားထားပြီး မလိုက်ရင် အရေးယူသွားမယ်လို့ စက်တင်ဘာ ၁၄ ရက်က  အမိန့်ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။  သတင်း - နန့်ခိုင်

A d v e r t i s e m e n t With Us

More News
Up