Home
မြန်မာသတင်း
မြန်မာပြည်ဘက်၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသဖြင့် ထိုင်းနယ်စပ်တွင် သံဆူးကြိုးခတ် 
DVB
·
September 14, 2020
119428261_1660530337440180_1412986374875599220_o
119161125_1714442165398969_9098656772182960890_o
119131533_1714442152065637_1649080011844938400_o
119119116_1660528437440370_6711966497923668505_o
119062948_1660529964106884_3828463146184337751_o
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုနှုန်းတွေ မြင့်မားနေတဲ့အတွက် တရားမဝင် ဝင်ရောက်လာသူတွေနဲ့အတူ ရောဂါပိုးတွေ ပါလာမှာကိုစိုးရိမ်ပြီး ထိုင်းဘက်ခြမ်းက မြန်မာနယ်စပ်တလျှောက် လုံခြုံရေးတင်းကြပ်သလို တောလမ်းဘက်မှာလည်း သံဆူးကြိုးတွေ ခတ်ထားလိုက်ပါတယ်။  မြန်မာနိုင်ငံ ရှမ်းပြည်နယ် လင်းခေးခရိုင်နဲ့ ဆက်စပ်နေတဲ့ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုဘက်မှာဆိုရင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်ရော မူးယစ်ဆေးဝါး သယ်ဆောင်မှု ကာကွယ်တဲ့အနေနနဲ့ပါ ဝိန်းဟိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဦးစီးပြီး စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်တောလမ်းတလျှောက်မှာ သံဆူးကြိုးတွေ လိုက်လံ ကာရံနေကြတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။  အလားတူ မယ်ဟောင်ဆောင်ခရိုင်ဘက်မှာလည်း ထိုင်းနယ်ခြားစောင့်တပ် အမှတ် ၃၃၆ က တပ်ဖွဲ့ဝင်တွေဟာ မြန်မာနယ်စပ် တောလမ်းတလျှောက် ကင်းလှည့်ပြီး လုံခြုံရေးယူနေတယ်လို့ မယ်ဟောင်ဆောင်ခရိုင် ပြန်ကြားရေးဌာနသတင်းမှာ ဖော်ပြပါတယ်။  မြန်မာနိုင်ငံ တာချီလိတ်ခရိုင်နဲ့ကပ်လျက် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ ဆိုရင်လည်း တာဝန်ရှိသူတွေက မယ်ဆိုင်ချောင်းစပ်တလျှောက် မပြတ်လုံခြုံရေးယူနေသလို တဘက်နိုင်ငံကနေ ဝင်ရောက်တည်းခိုဖွယ်ရှိတဲ့ နေရာတွေကို စစ်ဆေးခြင်း၊ နယ်စပ်နေ ပြည်သူများအား ကျန်းမာရေး  စစ်ဆေးခြင်းတွေ ပြုလုပ်နေတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။  မြန်မာနိုင်ငံ မြဝတီမြို့နယ်မျက်နှာချင်းဆိုင် တာ့ခ်ခရိုင်ရှိ မြို့နယ် ၅ ခုမှာလည်း နယ်စပ်   လုံခြုံရေးအပြည့်ချထားကြောင်း၊ အခုလို စောင့်ကြပ်နေတဲ့ကြားက စက်တင်ဘာ ၁၃ ရက်နေ့မှာ သောင်ရင်းမြစ်ကို လက်ပစ်ကူးပြီး မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ထဲ ဝင်ရောက်လာတဲ့ မြန်မာ ၁ ဦးကို နယ်ခြားလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့  ဆိုပါတယ်။  ထိုင်းဘက်က လုံခြုံရေးတင်းကြပ်နေတာ သိပေမယ့်လည်း မြန်မာဘက်မှာ ငွေရှာရခက်လို့ စွန့်စားဝင်ရောက်လာတာလို့ ဖမ်းမိတဲ့ မြန်မာတဦးက ဝန်ခံသွားပါတယ်။  ထိုင်းနဲ့ မြန်မာ ဧရိယာချင်းထိစပ်နေတဲ့ နယ်စပ်ဟာ ကီလိုမီတာ ၅၀၀ ကျော်ရှည်လျားပြီး တာ့ခ်ခရိုင်မှာဆိုရင် သောင်ရင်းမြစ်ကာဆီးထားတာကြောင့် တဘက်နိုင်ငံက တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးနှိမ်နင်းရခက်ခဲတယ်လို့ လုံခြုံရေးတာဝန်ရှိသူက ပြောပါတယ်။  ထိုင်းဘက်ခြမ်း နယ်စပ်နေပြည်သူတွေကလည်း မြန်မာဘက်က ကိုဗစ်-၁၉ ကူးစက် ဝင်ရောက်မှာကို စိုးရိမ်နေပြီး ကျန်းမာရေးဌာနက မိုဘိုင်းစနစ်နဲ့ ကျန်းမာရေးလှည့်လည်စစ်ဆေးမှု ကို ဆောင်ရွက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၃ ရက်နေ့ထိ လူပေါင်း ၂၆၀၀ ကို စစ်ဆေးပေးခဲ့ရာမှာ ကိုဗစ်-၁၉ ကူးစက်သူမရှိဘူးလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။  ကိုးကား- THAI PBS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024