နိုင်ငံရေးပါတီအချို့ တိုင်း (မ်)မဂ္ဂဇင်း ရေးသားချက် ကန့်ကွက်
DVB
·
June 26, 2013
ကမ္ဘာကျော် တိုင်း(မ်) မဂ္ဂဇင်းမျက်နှာဖုံးမှာ မန္တလေး မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူရဲ့ မျက်နှာဖုံးပုံကို ဖော်ပြပြီး THE FACE OF BUDDHIST TERROR ခေါင်းစဉ်တပ် ဖော်ပြခဲ့တဲ့အပေါ် အန်ဒီအက်ဖ်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (အက်စ်အန်ဒီပီ) တို့က ကြေညာချက် ထုတ်ပြန်ကန့်ကွက်ခဲ့ကြပါတယ်။
တိုင်း(မ်)မဂ္ဂဇင်းပါ ဆောင်းပါးရှင် ဟန်နာဘိခ်ျရဲ့ ရေးသားဖော်ပြချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ကန့်ကွက်ခဲ့သလို၊ ပြည်တွင်းထုတ် ပုဂ္ဂလိကသတင်းစာနဲ့ ဂျာနယ် ထုတ်ဝေသူ တချို့ကလည်း ကန့်ကွက်ထားပြီး ဖြစ်ပါတယ်။အန်ဒီအက်ဖ်ပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာ မှားယွင်းစွပ်စွဲ ရေးသားချက်ဖြစ်လို့ ကန့်ကွက်ကြောင်း ဖော်ပြထားပြီး အက်စ်အန်ဒီပီရဲ့ ထုတ်ပြန်ချက်မှာတော့ ဗုဒ္ဓဘာသာ အကြမ်းဖက်သမားအဖြစ် စွပ်စွဲထားတာဟာ ဆီလျော်အပ်စပ်ခြင်း မရှိလို့ ကန့်ကွက်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။