Home
မြန်မာသတင်း
မဲဆွယ်စည်းရုံးရာတွင် ကျန်းမာရေးပစ္စည်းဖြန့်ဝေပါက ရွေးကောက်ပွဲစရိတ်ထဲ ဖော်ပြရန်မလို
DVB
·
September 12, 2020
119000243_3096975837094760_4052895170584273680_o
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလ မဲဆွယ်စည်းရုံးရာမှာ ကျန်းမာရေးပစ္စည်းတွေ ဖြန့်ဝေတယ်ဆိုရင် ရွေးကောက်ပွဲကုန်ကျစရိတ်အနေနဲ့ ဖော်ပြစရာမလိုဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာ ၈ ရက်က စတင်နိုင်တာဖြစ်ပြီး ကိုဗစ်ကာလလည်း ဖြစ်နေလို့ ကျန်းမာရေးပစ္စည်းတွေ ဝေပေးတဲ့အပေါ် ထုတ်ပြန်လိုက်တာပါ။ အဆောက်အအုံတွေထဲမှာ၊ အပြင်မှာ မဲဆွယ်စည်းရုံးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းစည်း(Mask)၊ မျက်နှာအကာ (Face Shield)၊ လက်သန့်ဆေးနဲ့ လက်အိတ်တွေ ဝေငှခဲ့ရင် အဲဒါကို ရွေးကောက်ပွဲ ကုန်ကျစရိတ်အနေနဲ့ ထည့်သွင်းဖော်ပြဖို့မလိုဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကျပ်သိန်း ၁၅၀၊ တခြားလွှတ်တော်ကိုယ်စားလှယ်တွေက ကျပ်သိန်း ၁၀၀ စီ ရွေးကောက်ပွဲစည်းရုံးစရိတ် သုံးခွင့်ရှိတာပါ။ ဒီစရိတ်စာရင်းကို ကိုယ်စားလှယ်အဖြစ် ကြေညာခံရတဲ့နေ့ကစလို့ ရက် ၃၀ အတွင်း တရားသူကြီးရှေ့မှောက် ကျမ်းကျိန်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီ တင်ပြရမှာဖြစ်ပြီး တင်သွင်းဖို့ ပျက်ကွက်ခဲ့ရင် အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024