Homeမြန်မာသတင်း
နယ်စပ်ဒေသခံများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုဗစ်ရှိမရှိ ထိုင်းတာဝန်ရှိသူများ စစ်ပေး
နယ်စပ်ဒေသခံများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုဗစ်ရှိမရှိ ထိုင်းတာဝန်ရှိသူများ စစ်ပေး
DVB
·
September 12, 2020
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တကျော့ပြန်ဖြစ်ပွားလာတာကြောင့် အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံက အာဏာပိုင်တွေဟာ နယ်စပ်တွေရဲ့ လုံခြုံရေးကို တိုးမြှင့်လိုက်ပြီး နယ်စပ်ဒေသခံတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ကိုဗစ်-၁၉ စစ်ဆေးတာတွေကို လုပ်ဆောင်နေပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့က တာ့ခ်ခရိုင်အနောက်ဘက်က မိုဘိုင်းစစ်ဆေးရေးစခန်းတွေမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ်-၁၉ ရှိ၊ မရှိ တို့ဖတ်ယူ စစ်ဆေးခံခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ခုလို နေစပ်နေပြည်သူတွနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို မဖြစ်မနေ စစ်ဆေးမှုခံယူဖို့ လုပ်ဆောင်နေတာ အနည်းဆုံး သီတင်း ၁ ပတ် ရှိနေပါပြီ။
ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဟာ တရားမဝင် ခိုးဝင်တာကို ကာကွယ်တားဆီးဖို့အတွက် ခရိုင် ၇ ခုက မြန်မာနိုင်ငံနဲ့ ဆက်နေတဲ့ နယ်စပ်ဖြတ်ကျော်ခြင်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေကိုလည်း ပိတ်ချထားပါတယ်။
မြန်မာနိုင်ငံမှာ ကူစက်ခံ အတည်ပြုလူနာအရေအတွက် ၂၄၀၀ ကျော်ရှိသွားပါပြီ။ ထိုင်းနိုင်ငံမှာ သေဆုံးသူ ၅၈ ယောက် အပါအဝင် ကူးစက်ခံ အတည်ပြုလူနာ ၃၄၀၀ ကျော်ရှိပြီး ခုတော့ ပြည်တွင်းကန့်သတ်ချက်တွေကို ဖြေလျော့ပေးထားပါတယ်။
ဒီနှုန်းဟာ ဒေသတွင်းမှာ ဖြစ်ပွားမှု အနည်းဆုံးနိုင်ငံတွေထဲ ပါဝင်ပြီး အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကတော့ ကူးစက်ခံရမှု အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။