Home
မြန်မာသတင်း
ဆန္ဒပြ ဗကသ ကျောင်းသား ၁၃  ဦးကို ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်
DVB
·
September 11, 2020
ရခိုင်ပြည်သူတွေအပေါ် ဖိနှိပ်တာတွေ မလုပ်ဖို့နဲ့ 4G အင်တာနက် အမြန်ဖွင့်ပေးဖို့ ဆန္ဒပြခဲ့တဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသား ၁၃  ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့  အမှုဖွင့်လိုက် ပါတယ်။ ရခိုင်ပြည်သူတွေအပေါ်တပ်မတော်က ဖိနှိပ်တာတွေ မလုပ်ဖို့နဲ့ 4G အင်တာနက် အမြန်ဖွင့်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားတွေ စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း နဲ့ ၃၁ လမ်း ထောင့် က ဓမ္မသာလခန်းမရှေ့မှာ စုဝေးခဲ့ပြီး ၈၄ လမ်းအတိုင်း ဈေးချိုနာရီစင်အထိ ချီတက်ဆန္ဒပြခဲ့တာပါ။ ဆန္ဒပြတာနဲ့ ပတ်သက်လို့ ခွင့်ပြုမိန့်မယူခဲ့တဲ့အတွက် ဗကသများအဖွဲ့ချုပ်က  ကိုသက်မောင်မောင်ပါ  (၁၃) ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတာလို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ပြောပါတယ်။ ဆန္ဒပြတဲ့နေရာမှာ ပါဝင်ခဲ့တဲ့ ဗကသ များအဖွဲ့ချုပ်က ကိုမျိုးချစ်ဇော်ကို စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက ချမ်းအေးသာစံမြို့နယ် အမှတ် ၆ နယ်မြေရဲစခန်းမှာ ခေါ်ယူစစ်ဆေးပြီး တစ်ရက်တာ စခန်းမှာ ခေါ်ထားလိုက်ပါတယ်။ နောက်တစ်နေ့မှာ စစ်ဆေးစရာစစ်ဆေးပြီးဖြစ်တာကြောင့် ပြန်ချင်းပြန်လို့ရပြီလို့ ပြောတဲ့ အတွက် ပြန်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်သားသမဂ္ဂများအဖွဲ့ချုပ် ကိုမျိုးချစ်ဇော် က ဆိုပါတယ်။ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ  ပြည်နယ်အစိုးရကို အယုံအကြည်မရှိကြောင်းနဲ့ 4G အင်တာနက်ဖွင့်ပေးဖို့ ဆန္ဒပြခဲ့လို့  ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၃ ဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေက စက်တင်ဘာ ၁၀ ရက် နေ့လယ်က စစ်တွေမြို့မရဲ     စခန်းရှေ့မှာ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။  သတင်း - နိုင်လင်းဦး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024