DVB Logo
Home
မြန်မာသတင်း
တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကြမ်း ဆွေးနွေးရန် ဆုံးဖြတ်
DVB
·
June 25, 2013
တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကြမ်း ဆွေးနွေးရန် ဆုံးဖြတ်
Donate to DVB

ဒီနေ့ပြန်လည်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့  လွှတ်တော်မှာ ဥပဒေကြမ်း ၂ ခု ဆွေးနွေးခဲ့တယ်လို့ သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

[caption id="attachment_40985" align="alignleft" width="300" caption="တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုနေကြစဉ်"][/caption]

“တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကြမ်း၊ အဲဒါကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို ဥက္ကဋ္ဌကနေ ဥပဒေကြမ်းကော်မတီကို လွှဲအပ်လိုက်တာ။ နောက် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေကြမ်း၊ အဲဒါကို ဆွေးနွေးလိုက်တယ်။ အပိုဒ် ၁ ပိုဒ်ချင်းစီကို ဆွေးနွေးတာမှာ ယေဘုယျအားဖြင့် အပိုဒ်ပေါင်း ၁၀၀ ကျော် ပြင်ထားတာ အဓိကက ဥပဒေကြမ်းကော်မတီက ပြင်ထားတာ များတယ်။

“ဥပဒေကြမ်းကော်မတီအပြင် နောက်ထပ်ပြင်ဆင်တာက လသာမဲဆန္ဒနယ်က တသီးပုဂ္ဂလကိုယ်စားလှယ် ဦးကြည်မြင့်။ သူပြင်တဲ့အထဲက ၆ ချက်မှာ အချက် ၁ ချက် လက်ခံလိုက်တယ်။ နောက်ဆုံးတချက်က အရေးကြီးလို့ အပြင်မှာ ကနေ့ညနေ ဖြစ်ဖြစ်၊ မနက်ဖြန်ဖြစ်ဖြစ် ၀န်ကြီးဌာန၊ ဥပဒေကြမ်းကော်မတီနဲ့ ဦးကြည်မြင့် ကျေလည်အောင် ဆွေးနွေးပြီးမှ လွှတ်တော်အဆုံးအဖြတ်ရယူမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျန်တာတွေကတော့ ဥပဒေကြမ်းကော်မတီက ပြင်ပေးထားတာတွေကိုတော့ လွှတ်တော်က အတည်ပြုပေးလိုက်တယ်။”

လွှတ်တော်ထဲတင်တဲ့ ဥပဒေကြမ်းတွေဟာ တချို့ဥပဒေတွေက မြန်မြန်ဆန်ဆန် ပြဋ္ဌာန်းနိုင်တာတွေ ရှိသလို တချို့ဥပဒေတွေက နှစ်နဲ့ချီကြန့်ကြာနေတာတွေလည်း ရှိတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

“ဥပဒေတွေကတော့ တင်မှာပဲ။ သူတို့တင်တာရှိသလို ကျနော်တယောက်တည်းကို ဥပဒေကြမ်း ၇ ခုလောက် တင်ထားတာလည်းရှိတယ်။ သို့သော် ဥပဒေတခုဆိုတာ ကြာတာပေါ့။ ပြည်ထောင်စုတရားစီရင်ရေးပြင်ဆင်တဲ့ ဥပဒေဆို ၁ နှစ်လောက် တင်ထားတာရှိပေမယ့် အခုအချိန်ထိ အဆင့်ဆင့်တင်ထားတာမှာ တရားဝင်အားဖြင့်တော့ လွှတ်တော်တရပ်အတည်ပြုပြီးပါပြီ။ ဥပဒေအဖြစ် ထွက်မလာဘူး။ ဒီလိုပဲ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံခွင့်၊ အဲဒီဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ၅ (င) နဲ့ ၅ (ည) ကို ပယ်ဖျက်ဖို့ ကျနော်တင်ထားတဲ့ ဥပဒေကြမ်းဟာလည်း ၁ နှစ်လောက် ကြာပါပြီ။ ဆွေးနွေးတဲ့ အဆင့်တောင် မရောက်သေးဘူး။ ဥပဒေတွေက တင်လိုက်တယ်၊အကြိမ်ကြိမ် အပြန်အလှန်စိစစ်နေရတဲ့ ဥပဒေတွေလည်း ရှိတာပဲ။ ဥပမာ လာဘ်ပေးလာဘ်ယူဥပဒေကြမ်းလို။ အခုမှ စတင်လာတဲ့ ဥပဒေတွေလည်း ရှိတာပဲ။ ဒီနေ့ဆို တောင်သူလယ်သမားတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ လက်ငင်းလိုအပ်ချက်တွေ ဖြည့်ပေးနိုင်ဖို့ ဥပဒေကြမ်း တခုတင်လာတယ်လေ။ အဲလိုပဲ ဥပဒေပြင်ဆင်ချက်တွေ တင်ကြတာ ရှိတာပဲ။”

၃ လလောက် ရပ်နားထားရာကနေ  ဒီနေ့ ပြန်လည်ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာတော့ မေးခွန်းမေးမြန်းတာ၊ ဖြေဆိုတာနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနက ပြင်ဆင်တဲ့ ဥပဒေတွေ လွှတ်တော်တင်တာတွေကို ရှိတယ်လို့ သိရပါတယ်။အခုပြန်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေဟာ ၇ ကြိမ်မြောက်ဖြစ်ပြီး၊ ၆ ကြိမ်မြောက် အစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ရပ်နားခဲ့တာပါ။ ဒီကြားထဲ မိတ္ထီလာအရေးနဲ့ ပတ်သက်ပြီး အရေးပေါ် စည်းဝေး ၂ ရက်လုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013