ကရင်ရွာသား ၂ ဦးအား သတ်ဖြတ်ခဲ့သူများနှင့် ရသေ့ဆိုသူများကို ကေအန်ယူ ဖမ်းဆီး
DVB
·
September 10, 2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကေအန်ယူ ထိန်းချုပ်နယ်မြေ မယ်ပလားခီးကျေးရွာနေ ကျွဲနွားကျောင်းသူ ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့ လူငယ် ၅ ဦးနဲ့ ရသေ့ဆိုသူတွေကို ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၇ တပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၉ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
လှိုင်းဘွဲမြို့နယ် မော်ဖိုးကေကျေးရွာအုပ်စုနဲ့ ပိုင်ကျုံကျေးရွာ နယ်ကြားရှိ ဒေါနတောင်ကြော ပေါ်မှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေးအပြစ်ပေးသွားမယ်လို့ ကေအန်ယူ တပ်မဟာ ၇ လှိုင်းဘွဲဒေသ တာဝန်ရှိသူက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်နေ့က ကရင်ရွာသား ၂ နှစ်ဦးကို လူတချို့က သတ်ဖြတ်နေချိန်မှာ ရိုက်ထားတဲ့ ၅ မိနစ်ခွဲလောက်ကြာတဲ့ ရုပ်သံ ဗွီဒီယိုတခုလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေ ပါတယ်။
ရသေ့ဆိုသူတွေရဲ့ ခိုင်းစေချက်အရ နောက်လိုက်ငယ်သားတွေက အသတ်ခံရသူတွေကို လက်ပြန်ကြိုးတုပ်ပြီး အရိုးရှည်ဓားနဲ့ ဓားမြောင် အသုံးပြုပြီး မသေမချင်းသတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။
သတင်း - စောတာတူး