Home
မြန်မာသတင်း
ရခိုင်တွင် 4G အင်တာနက် ပြန်ဖွင့်ပေးရေး ဗကသကျောင်းသားများ မန္တလေးမြို့၌ ဆန္ဒပြ
DVB
·
September 10, 2020
IMG_0121
IMG_0086
IMG_0071
IMG_0055
IMG_0033
IMG_0018
IMG_0005
IMG_0001
ရခိုင်ပြည်နယ်မှာ 4G အင်တာနက် ပြန်ဖွင့်ပေးဖို့ ဗကသ ကျောင်းသားတွေက ဒီနေ့ မနက် မန္တလေးမြို့မှာ တောင်းဆို ဆန္ဒထုတ်ဖော်ကြပါတယ်။ ကျောင်းသားတွေ “ဖက်ဆစ် လူသတ်ဝါဒဆန့်ကျင် ကြ” ၊ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး”၊ စစ်အာဏာရှင် စနစ် မုချကျဆုံးရမည်” စတဲ့  ဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ မနေ့ကလည်း စစ်တွေမြို့မှာ  4G အင်တာနက် ပြန်ဖွင့်ပေးရေး တောင်းဆိုဆန္ဒပြတဲ့ ရခိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၃ ဦးဖမ်းဆီးခံရပါတယ်။ အစိုးရက စစ်တွေမြို့မှာ  3G အင်တာနက်စနစ်နဲ့ တခြားမြို့နယ်တွေမှာ  2G  အင်တာနက် စနစ် ပြန်ဖွင့်ပေးထားပါတယ်။   ရခိုင်ပြည်နယ်မှာ  တိုက်ပွဲတွေဖြစ်နေတာကြောင့် ဆက်သွယ်ရေးအော်ပရေတာတွေအနေနဲ့  တာဝါတိုင်တွေမှာ  4G အင်တာနက် စနစ်ပြောင်းလဲတပ်ဆင်တဲ့ လုပ်ငန်းတွေ လုပ်ဖို့ အခက်အခဲရှိနေတယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောထားပါတယ်။  Photo-Kaung Zaw Hein/ MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024