Home
မြန်မာသတင်း
ရန်ကုန်က  ၃၉ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၅၄ ဦးထပ်တွေ့
DVB
·
September 7, 2020
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၄  ဦးထပ်တွေ့ရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၁,၅၁၈ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ လူနာသစ်တွေကတော့ ရန်ကုန်တိုင်းက ၃၉ ဦး၊   ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ၉ ဦး၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်က ၄ ဦး၊ ချမ်းမြသာစည်မြို့နယ်က ၁ ဦးနဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်က  ၁ ဦးတို့ ဖြစ်ကြပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၆၅၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၃၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၂၂၄ ခုနဲ့ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ ဓာတ်ခွဲနမူနာ ၁၅၁ ခု စုစုပေါင်း  ၁,၁၇၀ ခုကို ဒီနေ့ညနေ စစ်ဆေးပြီးစီးခဲ့ရာမှာ  ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ  လူနာသစ်  ၅၄  ဦး တွေ့ရှိရတာပါ။ စက်တင်ဘာ ၇ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၅၁၈ ဦး၊ သေဆုံးသူ ၈ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၈၈ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၆၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၂၉ ဦးရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024