တာမွေမြို့နယ်က ကိုဗစ်-၁၉ လူနာအမှတ် ၁၀၁၇ ထံမှတဆင့် ၈ ဦးထပ်ကူး
ညီငယ်
·
September 7, 2020
စက်တင်ဘာ ၆ ရက်နေ့အတွက် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၄၅ ယောက်ထဲက ရန်ကုန်တိုင်းမှာ ၉၂ ယောက်ပါဝင်ပြီး ဒီထဲက တာမွေမြို့နယ်က ၁၂ ယောက်နဲ့ အများဆုံးတွေ့ထားကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပိုးတွေ့လူနာထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ တွေ့ရှိထားတဲ့ လူနာအမှတ် ၁၀၁၇ ဆီက ၈ ယောက်ကူးထားကြောင်း တာမွေမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာ နှင်းလဲ့ရည်က ဒီဗွီဘီကိုပြောပါတယ်။
"Case 1017 နဲ့ တွဲတာက ၈ ယောက်၊ နောက်တစ်ယောက်က ကျမတို့ တာမွေက မဟုတ်ဘူး ဗဟန်းမြို့နယ်က၊ ဘယ်ကကူးမှန်းမသိတာ ၃ ယောက်နော်" ဟုပြောပါတယ်။
လတ်တလောမှာတော့ ပိုးတွေ့လူနာ ၁၁ ယောက်နဲ့ ထိတွေ့သူတွေကို စုံစမ်းဆဲဖြစ်ကြောင်း ကနဦးသတင်းတွေအရသိရပါတယ်။
ဓာတ်ပုံ - MNRO - မေတ္တာညွန့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့