လက်ရွေးစင်အသင်းမှ အနားယူမည့်အချိန်နီးစပ်လာပြီဟု ဝေါ်ကာ ဝန်ခံ

အင်္ဂလန်လက်ရွေးစင်အသင်းကနေ အနားယူဖို့ နီးစပ်လာပြီလို့ နောက်ခံလူ ကိုင်လီဝေါ်ကာ က ပြောပါတယ်။  မန်စီးတီးနောက်ခံလူ ဝေါ်ကာဟာ အိုက်စလန်အသင်းကို အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။  လာမယ့်ဒိန်းမတ်နဲ့ပွဲစဉ်မှာ ပွဲ ၅၀ ပြည့်မြောက်မယ့် ဝေါ်ကာဟာ  အနီကတ်ပြစ်ဒဏ်ကြောင့် အဲဒီပွဲမှာ လွဲချော်တော့မှာဖြစ်ပါတယ်။  နိုင်ငံလက်ရွေးစင်အသင်းပွဲစဉ်မှာ အနီကတ်ပြခံခဲ့ရတာဟာ ဝမ်းနည်းစရာဖြစ်ပြီး အနီ ကတ်ပြသခံရလိမ့်မယ်လို့ မထင်ကြောင်း၊ နိုင်ငံ့လက်ရွေးစင်အသင်းကနေ အနားယူရတော့မယ့် အချိန်နီးစပ်လာပြီဖြစ်ကြောင်း ဝေါ်ကာက ပြောပါတယ်။  ဒါပေမယ့်လည်း လက်ရှိအချိန်မှာ သန်မာနေဆဲဖြစ်တယ်လို့ ယုံကြည်ကြောင်းနဲ့ အကောင်း ဆုံးခြေစွမ်းတွေ ပြန်လည်ရရှိနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဝေါ်ကာက ပွဲအပြီးမှာ ပြောပါတယ်။  အင်္ဂလန်လက်ရွေးစင်အသင်း ညာနောက်ခံနေရာမှာ လီဗာပူးက အာနိုးလ်နဲ့စပါးက ထရစ်ပီယာတို့ ရှိနေပြီး မန်ယူက ဝမ်ဘစ်ဆာကာကိုတော့ ရွေးချယ်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

More News
Up