သွားအဖမ်းမခံသလို ရှောင်လည်းမပြေးဟု ဝေမှူးသွင်ပြော
DVB
·
June 21, 2013

နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ကနေ တိုင်း တရားရုံးကိုလာဖို့ ဆင့်ခေါ်ခံထားရတဲ့ စာရေးဆရာ ဝေမှူးသွင်ဟာ သူအနေနဲ့ သွားရောက် အဖမ်းခံတာမျိုး လုပ်မှာမဟုတ်သလို၊ လာရောက်ဖမ်းဆီးရင်လည်း ရှောင်ပြေးနေတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ရေဒီယိုအင်တာဗျူးတခုမှာ ဝေဖန်ပြောဆိုခဲ့တဲ့အတွက် ကိုမိုဃ်းသွေး၊ ကိုဝေဠုတို့နဲ့အတူ သက်ဆိုင်ရာက ဆင့်ခေါ်ခံထားရတဲ့ အပေါ် သူက ခုလိုပြောဆိုလိုက်တာပါ။
သူ့အနေနဲ့ မုံရွာမှာ သတင်းထောက်တွေနဲ့ အင်တာဗျူးလုပ်တဲ့အခါ ဒေသခံတွေရဲ့ နစ်နာမှု၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ကိစ္စ၊ ဒါတွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာသာ ဖြစ်ကြောင်း ကိုဝေမှူးသွင်က ရှင်းပြပါတယ်။
