DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ်တွင် ညမထွက်ရအမိန့်ချိုးဖောက်သူ ၃ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်
DVB
·
September 5, 2020
ကျောက်ဖြူမြို့နယ်တွင် ညမထွက်ရအမိန့်ချိုးဖောက်သူ ၃ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ညမထွက်ရအမိန့် ချိုးဖောက်သူ ၃ ဦးကို ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ် ၁ လ ချမှတ်ခဲ့တယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စက်တင်ဘာ ၃ ရက်နေ့က ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးတဲ့အဖွဲ့၊ မြို့မရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့အဖွဲ့တို့က ကျောက်ဖြူမြို့အတွင်း လှည့်လည်စစ်ဆေးရာမှာက  ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက “ကျနော်တို့က ညမထွက်ရအမိန့်စထုတ်ပြီးနောက် ညစဉ် ရဲတပ်ဖွဲ့ရယ်၊ သက်ဆိုင်ရာရပ်ကွက်ရေးမှူးတွေနဲ့ ပူးပေါင်းပြီးတော့ မြို့ကို ကင်းလှည့်စစ်ဆေးတာပေါ့။ အဲဒီမှာ ဟိုတစ်နေ့ညမှာ ညမထွက်ရအမိန့်ချိုးဖောက်သူ ၃ ဦးကို ဖမ်းဆီး အရေးယူခဲ့တယ်။ ကျနော်က တရားလိုလုပ်ပြီးတော့ ကျောက်ဖြူမြို့နယ်တရားရုံးမှာ တရားစွဲဆိုတော့ တရားရုံးက ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်တယ်။ အမှန်တကယ် ကျန်းမာရေးမကောင်းလို့ သွားလာနေတဲ့သူတွေကိုတော့ ကျနော်တို့က လိုအပ်ရင် လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမှာပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လကစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တဖြည်းဖြည်းနဲ့ တိုးလာနေတာကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို စက်တင်ဘာ  ၂ ရက်နေ့က စတင်ပြီး ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အသွားအလာတွေ မလုပ်ဆောင်ဖို့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ထားပါ။

ရခိုင်ပြည်နယ်မှာ ဒီနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013