Home
မြန်မာသတင်း
လူနာအမှတ် ၁၀၇၇ နှင့် လေယာဉ်အတူစီးခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၇ ဦး Quarantine ဝင်နေ
DVB
·
September 5, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၁၀၇၇ နဲ့ လေယာဉ်တစီးထဲ အတူတူစီးလာတဲ့ ကျန်းမာရေး ဝန်ထမ်း ၇ ဦးဟာ စစ်တွေမြို့မှာ Quarantine ဝင်နေတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ကို မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်ဖို့လာတဲ့ ကျန်းမာရေး စေတနာ့ဝန်ထမ်း ဆရာဝန်နဲ့ သူနာပြု စုစုပေါင်း ၇ ဦးဟာ လူနာ ၁၀၇၇ နဲ့ လေယာဉ်တစီးတည်း အတူလိုက်လာတာကြောင့် Quarantine ဝင်နေရတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အတည်ပြုပြောကြားပါတယ်။  လူနာအမှတ် ၁၀၇၇ ဟာ စစ်တွေမြို့ကနေ ရန်ကုန်ကို သြဂုတ် ၂၇ ရက်နေ့က ရောက်လာပြီး ဗဟန်းမြို့က ဘုန်းကြီးကျောင်းတခုမှာ အသွားအလာကန့်သတ်ထားခဲ့တာပါ။  သူ့ကိုတော့ သြဂုတ် ၂၈ ရက်နေ့က ဓာတ်ခွဲနမူနာယူ စစ်ဆေးခဲ့ပေမယ့် ဓာတ်ခွဲအဖြေမထွက်သေးခင် စက်တင်ဘာ ၃ ရက်မှာ ဘယ်သူ့ကိုမှ အကြောင်းကြားတာမျိုးမရှိဘဲ စစ်တွေကို ပြန်သွားခဲ့တာပါ။  ဒီနောက် လူနာအမှတ် ၁၀၇၇ ဟာ စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ထုတ်ပြန်တဲ့  စာရင်းထဲမှာ ကိုဗစ်-၁၉ အတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီလူနာစီးလာတဲ့ လေယာဉ်ပေါ်မှာ ပါလာတဲ့ ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေကို Quarantine ထားရှိကာ ဓာတ်ခွဲနမူနာ စစ်ဆေးထားသလို လူနာ ၁၀၇၇ ကိုလည်း စစ်တွေမြို့မှာ ဆေးကုသပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သတင်း - သင်းသင်းဇော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024