ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့သူ၏ဈာပန တက်ရောက်သူများကို ပီရူးရဲတပ်ဖွဲ့ ထိန်းသိမ်း

ပီရူးနိုင်ငံ ဟွမ်ကာယိုမြို့မှာ  အစိုးရရဲ့လော့ဒေါင်းအမိန့်ကို ချိုးဖောက်ပြီး  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့သူရဲ့ ဈာပနကို တက်ရောက်ခဲ့တဲ့ ဘုန်းကြီး တစ်ပါးနဲ့  လူ အယောက်  ၂၀ ကို စက်တင်ဘာ  ၃ ရက်မှာ  ရဲက ထိန်းသိမ်းခဲ့တယ်လို့  ဒေသမီဒီယာက ဆိုပါတယ်။    နေအိမ်တခုမှာလုပ်တဲ့ ဈာပနပွဲကို  ရဲတွေ ရောက်လာပြီးနောက် အစီအစဉ်ရပ်ပစ်ဖို့နဲ့  တက်ရောက်သူတွေကို ရဲစခန်းလိုက်ခဲ့ဖို့ ပြောဆိုခဲ့ပါတယ်။   ဈာပနပွဲ တက်သူတွေကတော့ ဒီထက်ပိုများတဲ့ လူစုလူဝေးကို ရှောင်ဖို့ ဈာပနပွဲကို တိုက်ရိုက် လွှင့်နေပြီး  တက်ရောက်သူတွေကလည်း တဦးနဲ့တဦး ခပ်ခွာခွာနေတဲ့ စည်းကမ်းတွေကို လိုက်နာ တယ်လို့ ဆိုပါတယ်။   ဒါပေမဲ့ ပီရူးလော့ဒေါင်းစည်းကမ်းဟာ နေအိမ်မှာလုပ်တဲ့ လူမှုရေးနဲ့မိသားစုပွဲ အားလုံးကို တားမြစ်တယ်လို့ သိရပါတယ်။  ဈာပနပွဲမှာရှိတဲ့ ဘုန်းကြီးက ရဲတွေကို အကျိုးအကြောင်း ရှင်းပြပေမယ့် ထိန်းသိမ်းခံရသူ တွေထဲ သူလည်း ပါသွားခဲ့ပါတယ်။  ပီရူးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ  ကမ္ဘာ့ပဉ္စမအများဆုံးဖြစ်ပြီး ကူးစက်သူ ၆၇၀,၀၀၀ ကျော်ရှိကာ သေဆုံးသူကတော့ စက်တင်ဘာ ၃ ရက်အထိ ၃၀၀၀၀   နီးပါးရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up