ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးဘော့စ်ကို ကို ခတ္တဝန်ကြီးချုပ်အဖြစ်ခန့်အပ်
နော်နိုရင်း
·
September 3, 2020

ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို ကို ခတ္တဝန်ကြီးချုပ်တာဝန် ပူးတွဲခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်နယ်လွှတ်တော်ကို ဒီကနေ့ အကြောင်းကြားလိုက်ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ရာထူးတာဝန်ကနေ ရပ်စဲလိုက်ပြီဖြစ်တဲ့အတွက် ဝန်ကြီးချုပ်တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဘော့စ်ကို ကို ခတ္တဝန်ကြီးချုပ်တာဝန်ပေးအပ်လို့တာလို့ စက်တင်ဘာ ၃ ရက်နေ့စွဲနဲ့ သမ္မတက ပြည်နယ် ဥက္ကဋ္ဌထံ အကြောင်းကြားစာ ပေးပို့လိုက်တာဖြစ်ပါတယ်။
ခုလို ရာထူးတာဝန်ပေးအပ်ခံရတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဘာမှ မပြောချင်သေးဘူးလို့ ခတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို က သတင်းထောက်တွေကို ဖြေကြားသွားပါတယ်။