A d v e r t i s e m e n t With Us

မိုးကုတ်မြို့တွင် Mask ကမ်ပိန်းပြုလုပ်

မန္တလေးတိုင်း မိုးကုတ်မြို့မှာ စက်တင်ဘာ ၂ ရက်နေ့က မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့(မိုးကုတ်)ကနေပြီး မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာ Mask အခုရေ ၆၀၀၀ နီးပါး ဝေငှခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။  ကိုဗစ်-၁၉ ရောဂါ ပညာပေးအနေနဲ့ Mask မတပ်တဲ့သူမရှိစေချင်တာကြောင့် အခုလို ဝေငှခဲ့တာလို့ ပြောပါတယ်။  အပြင်ထွက်တဲ့သူ ၁၀၀ ရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းလောက်က နှာခေါင်းစည်း မတပ်ကြဘူးလို့လည်း မိုးကုတ် လူမှုကယ်ဆယ်ရေးအသင်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဟိန်းထက်မောင်က ပြောပါတယ်။  မိုးကုတ်မြို့မှာ ကိုဗစ်ကာလအတွင်း Mask အခုရေ ၂၀၀၀၀  ကျော် ဝေငှထားတယ်လို့ သိရပါတယ်။ သတင်း - ဘစိုင်း

A d v e r t i s e m e n t With Us

More News
Up