အာဖဂန်နစ္စတန်တွင် ကားဗုံးပေါက်ကွဲပြီး  ရဲအရာရှိ ၃ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းက ဂါဒက်ဇ်မြို့အတွင်း ရဲတပ်ဖွဲ့ အခြေစိုက်စခန်းတခုနားမှာ ကားဗုံးတလုံး စက်တင်ဘာ ၁ ရက် မနက်ပိုင်းက ပေါက်ကွဲလို့ ရဲအရာရှိ ၃ ဦး သေဆုံးပြီး ၅  ဦး ဒဏ်ရာရပါတယ်။ တာလီဘန်သူပုန်တွေက သူတို့လက်ချက်အဖြစ် အခိုင်အမာ ကြေညာတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ တာလီဘန် ပြောခွင့်ရကတော့ ဒီတိုက်ခိုက်မှုအတွက် သူတို့မှာတာဝန်ရှိတယ်။ ဒါဇင်နဲ့ချီတဲ့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သေဆုံးဒဏ်ရာရတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဲ့ ရန်သူတွေက လူထုကာကွယ်ရေး ရဲတပ်ဖွဲ့ကို ကားဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်သူ ၂ ယောက်က အဆောက်အအုံ ခြံဝင်းထဲ ဝင်လာအပြီးမှာ ကားဗုံးပေါက်တာ ဖြစ်တယ်။ သူတို့ကို တန်ပြန်တိုက်ခိုက်ရေးအတွင်း အသေဖမ်းနိုင်ခဲ့ပြီး သူတို့အလောင်းတွေ ခြံဝင်းထဲမှာ ရှိတုန်းပဲလို့ ပါတ်ခ်တီယာခရိုင် ရဲချုပ် စူလတန်ဒတ်စူလတန်က ဒေသခံ ရုပ်သံ ကွန်ရက်ကို ပြောပါတယ်။ အာဖဂန်ရဲ့ ၁၉ နှစ်ကြာ စစ်ပွဲအဆုံးသတ်ရေး အမေရိကန်စစ်တပ် နောက်ဆုံးတပ်ဖွဲ့တွေ အာဖဂန်ကနေ ပြန်ဆုတ်ခွာဖို့ ပြင်ဆင်နေချိန် အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖြစ်အောင် အမေရိကန်က ကြိုးစားနေချိန်မှာ ခုလို တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up