Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၃၂ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာပေါင်း ၉၁၉ ဦးအထိရှိလာ
DVB
·
September 1, 2020
ကိုဗစ်-၁၉ လူနာသစ် ၃၂ ဦးထပ်မံ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်းမှာ အတည်ပြုလူနာပေါင်း ၉၁၉ ဦးရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။ လူနာသစ် ၃၂ ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၂ မြို့နယ်က ၁၅ ဦး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်က ၈ ဦး၊ ပဲခူးတိုင်း ဝေါမြို့နယ်က ၅ ဦးနဲ့ ရခိုင်ပြည်နယ်က ၄ ဦးတို့ဖြစ်ကြပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုတွေပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတာကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုနေဆဲဖြစ်ပြီး နောက်မှသာ ထပ်မံထုတ်ပြန်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၇၄၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၀၂ ခု၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ ၂၀၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ စစ်တွေ၊ ကျောက်ဖြူ၊ နေပြည်တော်၊ မြောင်းမြ၊ ဘားအံ၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၇၅၃ ခု အား ဒီနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ်  ၃၂ ဦး တွေ့ရှိရတာပါ။ စက်တင်ဘာ ၁ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၉၁၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  ၃၅၇ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၄၈ ဦးနဲ့  စောင့်ကြည့်လူနာအသစ် ၆၁ ဦးရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024