အပြန်အလှန် လေးစားမှုဖြင့် ပန်းတိုင်ထိလျှောက်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
June 19, 2013
ဒီနေ့ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ ဆုတောင်းအဖြစ် ရဲဘော်ရဲဘက်တွေ တဦးအပေါ် တဦး အပြန်အလှန် သစ္စာထားမှု၊ လေးစားမှု နားလည်မှုနဲ့ ပန်းတိုင်ရောက်တဲ့အထိ လျှောက်သွားနိုင်ပါစေလို့ ပြောကြားလိုက်ပါတယ်။
၆၈ နှစ်မြောက် မွေးနေ့ပွဲကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပြီး ဂီတနဲ့ ရုပ်ရှင်နယ်က အနုပညာရှင်တွေ၊ ပါတီဝင်တွေသာမက အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်နဲ့ သံတမန်တွေလည်း တက်ရောက်ခဲ့ပါတယ်။
တေးရေးတေးဆို ဆောင်းဦးလှိုင်က ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲမှာ အဆိုတော် နီနီခင်ဇော် သီဆိုပြီး သူကိုယ်တိုင်ရေးပေးထားတဲ့ ‘မျှော်လင့်ချက်တစုံတရာ’ သီချင်းကို မွေးနေ့ လက်ဆောင်အဖြစ် သီဆိုပေးခဲ့တယ်လို့ ပြောပါတယ်။ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရည်စူးပြီး ထူးထူးခြားခြား ရန်ကုန်မြို့အမျိုးသား သွေးလှူဌာနမှာ လူ ၂၀၀ လောက်နဲ့အတူ သွေးလှူဒါန်းခဲ့ပါတယ်။
ဓာတ်ပုံ
Read more