A d v e r t i s e m e n t With Us

ဖျာပုံတွင် စည်းကမ်းမလိုက်နာသူများကို Mask ၃ ခု ကျပ် ၃၀၀၀ နှုန်းဖြင့် ဒဏ်ရိုက်အရေးယူ

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာနေတာကြောင့် ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ Mask မတပ်ဘဲ နေအိမ်ပြင်ပသွားလာနေသူတွေကို Mask ၃ ခု ကျပ် ၃၀၀၀ နှုန်းနဲ့ ဝယ်ယူစေပြီး အခုဝယ် အခုတပ်စနစ်နဲ့ ဒဏ်ပေးအရေးယူနေပြီလို့ ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး စောနေနိုင်ထွန်းက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ဖို့ Mask မတပ်ဘဲ သွားလာနေသူတွေကို ၃ ရက်ကြာ အသိပညာပေး ပြုလုပ်ခဲ့ပြီးနောက် သြဂုတ် ၃၀ ရက်နေ့မှာ စတင်အရေးယူတာလို့ ဆိုပါတယ်။ ဖျာပုံမြို့နယ်မှာ ကိုဗစ်-၁၉ ပထမလှိုင်းကာလမှာလည်း အခုဝယ် အခုတပ်စနစ်နဲ့ Mask ၃ ခုကို ကျပ် ၃၀၀၀ နဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက စစ်ဆေး ဒဏ်ရိုက်ခဲ့တာပါ။ အခု ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာလည်း သြဂုတ် ၃၀ ရက်နေ့က စပြီး Mask  ၃ ခုကို ကျပ် ၃၀၀၀ ကျပ်နဲ့ စတင် အရေးယူ ဒဏ်ရိုက်နေတာပါ။ သတင်း - ကျော်စိုးမိုး

A d v e r t i s e m e n t With Us

More News
Up