A d v e r t i s e m e n t With Us

စပိန်တောင်ပိုင်း တောမီးလောင်၍ လူ ၅၀၀ ကျော်ကို ဘေးလွတ်ရာပြောင်း

စပိန်နိုင်ငံတောင်ပိုင်းက အန်ဒယ်လူစီယာဒေသမှာ လောင်နေတဲ့ တောမီးကို ထိန်းချုပ်ဖို့ မီးသတ်သမားနဲ့တပ်မတော်သားတွေ သြဂုတ် ၂၉ ရက်က ကြိုးစားနေပါတယ်။  တောမီးကြောင့် ကြိုတင်သတိထားတဲ့ လုပ်ဆောင်ချက်အနေနဲ့ နေရာငါးခုက လူအယောက် ငါးရာကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသန္တရအရေးပေါ်ဌာနက ပြောပါတယ်။  မီးဟာ သြဂုတ် ၂၇ ရက်ကစလို့ လောင်ကျွမ်းခဲ့တာဖြစ်ပြီး လေပြင်းတွေကြောင့် မီးပိုပြင်းခဲ့ တာပါ။  မီးတောက်ပတ်လည်က မီးသတ်သမားတွေရဲ့ မီးတားလမ်းတွေကို ကျော်လွန် လောင်ကျွမ်း ခဲ့ပါတယ်။  မြေပြင်မှာ လူအယောက် ၂၀၀ လောက်နဲ့ မီးသတ်လေယာဉ် ၂၆ စီးတို့က မီးကို ကြိုးစား ငြှိမ်းသတ်နေရဆဲပါ။

A d v e r t i s e m e n t With Us

More News
Up