ချက်နိုင်ငံ အထက်လွှတ်တော်အမတ် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်မှု တရုတ်ကန့်ကွက်

805
ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မီလော့စ်ဗစ်စတာစီလ်ဟာ ထိုင်ဝမ်နိုင်ငံကို သြဂုတ် ၂၉ ရက်က လာရောက်လည်ပတ်ပါတယ်။
အကြီးတန်း နိုင်ငံခြားအရာရှိတယောက်ရဲ့ ရှားရှားပါးပါး ခရီးစဉ်ကို တရုတ်အစိုးရက ဒေါသထွက်နေပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို သူ့ရဲ့သင်းကွဲပြည်နယ်တရပ်သာဖြစ်ပြီး နိုင်ငံချင်းကြား ဆက်ဆံရေးအတွက် ဘောင်မဝင်ဘူးလို့ လက်ခံယူဆထားပါတယ်။
မီလော့စ်ကတော့ သူ့ခရီးစဉ်ဟာ ထိုင်ဝမ်နဲ့ စီးပွားရေး အဆက်အသွယ် တိုးမြှင့်ဖို့ဖြစ်ပြီး ချက် သမ္မတနိုင်ငံဟာ တရုတ်ပြည်မကြီးအစိုးရရဲ့ ကန့်ကွက်ချက်ကို ဦးညွတ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားဆလပ်စ်ဟာဗယ် ချမှတ်ခဲ့တဲ့ တန်ဖိုးအခြေပြု နိုင်ငံခြားရေး မူဝါဒကို သူ့ခရီးစဉ်က ထင်ဟပ်လိမ့်မယ်လို့လည်း မီလော့စ်က ပြောပါတယ်။
သူတို့ဟာ သမ္မတ ချိုင်အင်းဝမ်နဲ့သာမက ထိုင်ဝမ်က တခြား ထိပ်တန်းအရာရှိတွေနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ဒီလအစောပိုင်းကလည်း အမေရိကန် ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာနဝန်ကြီး အဲလက်စ်အက်ဇာဟာ ထိုင်ဝမ်ကို သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။
အဲဒီခရီးစဉ်ကတော့ နှစ် ၄၀ အတွင်း အမေရိကန်အဆင့်မြင့်ဆုံး အရာရှိတယောက်ရဲ့ အလည်အပတ် ခရီးစဉ် ဖြစ်ပါတယ်။