ချီလီဆန္ဒပြပွဲ လူ ၂၁ ဦး ဖမ်းခံရ

1.1K
ချီလီနိုင်ငံ မြို့တော် ဆန်တီယေဂိုမှာ သြဂုတ် ၂၈ ရက်က တကျော့ပြန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၂၁ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် တားဆီးရေးစည်းမျဉ်းတွေကို ချိုးဖောက်ပြီး လူစုလူဝေးလုပ်ခဲ့တယ်လို့ ပြောဆိုပါတယ်။
ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ပလာဇာ အီတာလီယာရင်ပြင်မှာ စုဝေးခဲ့ပေမယ့် မကြာ ခင်မှာပဲ ရေအမြောက်နဲ့ လူစုခွဲခံရပါတယ်။
ဆန္ဒပြသူတွေကလည်း ရေအမြောက်ယာဉ်တွေကို အရာဝတ္တုတွေ၊ တုတ်တွေနဲ့ ပစ်ပေါက်ခဲ့ ပါတယ်။
ဆန္ဒပြပွဲကြောင့် အနီးဝန်းကျင်မှာ အများပြည်သူပို့ဆောင်ရေးကို ရပ်နားခဲ့ပေမယ့် မော်တော်ယာဉ်တွေကို လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ပါတယ်။
မနှစ်က အောက်တိုဘာလမှာ မြေအောက်ရထားခ ဈေးမြင့်တာကို အကြောင်းပြုပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီ ဆန္ဒပြပွဲတွေမှာ လူအယောက် ၃၀ ကျော် သေဆုံးကာ ၃၀၀၀ ကျော် ဒဏ်ရာရပြီး အယောက် ၃၀၀၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။
အဲဒီနောက် ကပ်ရောဂါကြောင့် ဆန္ဒပြပွဲတွေ နှုတ်ဆိတ်သွားခဲ့ပေမယ့် သြဂုတ် ၂၈ ရက်မှာတော့ တကျော့ပြန် ပေါ်ပေါက်ခဲ့တယ်လို့ ရိုက်တာက ရေးပါတယ်။