ချဲလ်ဆီးထံ ပြောင်းရွှေ့သည့်အကြောင်း ဆေးလ်ဗားပြော

1K
ဆုဖလားအောင်မြင်မှုတွေကို စိန်ခေါ်နိုင်ဖို့ ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့လာတာလို့ ကစားသမားသစ် သီယာဂိုဆေးလ်ဗားက ပြောပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးနောက်ခံလူ ဆေးလ်ဗားဟာ ပီအက်စ်ဂျီနဲ့စာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာ တာပါ။
ကနဦး တစ်နှစ်သက်တမ်းချုပ်ဆိုခဲ့ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးမယ့် သဘောတူ ညီမှုလည်း ပါဝင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ခွင့်ရလို့ ပျော်ရွှင်ရသလို နည်းပြလမ်းပတ်ရဲ့ စိတ်လူပ်ရှားစရာ ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ကျေနပ်မိတယ်လို့ ဆေးလ်ဗားကပြောပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းထဲမှာ မကြာခင် ကစားနိုင်ဖို့ မျှော်လင့်ပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ပြောင်းရွှေ့လာတာလို့ သီယာဂိုလ်ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။