ရွှေဘိုမြို့တွင် စစ်တွေကပြန်လာသူနှင့် ထိတွေ့ခဲ့သူ  ၆ ဦး အား  Quarantine ထားရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ Home Quarantine ဝင်နေတဲ့ အိမ်ထောင်စု  ၂ စုမှ  မိသားစုဝင် ၆ ဦးကို Facility Quarantine သို့ပြောင်းရွှေ့ထားတယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ဒေသကို ခရီးသွားခဲ့တဲ့သူတွေကို Facility Quarantine ထားရမယ်လို့ညွှန်ကြားချက်အသစ် ထပ်ပြီးထွက်လာခဲ့လို ပြောင်းရွှေ့ထားလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ၆ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာရယူပြီး  မန္တလေးမြို့ NHL ဌာနသို့ပိုဆောင် စစ်ဆေးတာနေတယ်လို့လည်း ဒေါက်တာ ဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။ Facility Quarantine ထားရှိတဲ့ အိမ်ထောင်စုနှစ်စုက ရွှေဘိုမြို့နယ် ချီပါကျေးရွာမှာ နေထိုင်သူ မိသားစုဝင် ၄ ဦးနဲ့ ဆိပ်ခွန်ကျေးရွာတို့မှာ နေထိုင်ကျသူ သားအဖ ၂ ဦး ဖြစ်ပါတယ်။ ဆိပ်ခွန်ကျေးရွာက သားအဖ ၂ ဦးဟာ  စစ်တွေမြို့ကိုသွားရောက်ခဲ့ပြီး မန္တလေးမြို့မှာ တဆင့်  ဩဂုတ် ၂၀ ရက်နေ့မှာ  ရွှေဘိုမြို့ ဆိပ်ခွန်ရွာသို့ ပြန်လည်ရောက်ရှိခဲ့တာကြောင့် နေအိမ်မှာ Quarantine ထားရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့တာပါ။ ချီပါကျေးရွာကမိသားစုကတော့ အိမ်ထောင်ဦးစီးဟာ စစ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ ချီပါကျေးရွာနေထိုင်သူ မျက်စိခွဲစိတ်ဖို့ ဩဂုတ် ၁၂ ရက်နေ့က စစ်တွေမှပြန်လာခဲ့ကာ ၁၃ ရက်နေ့မှာ  နေပြည်တော်သို့ သွားရောက် မျက်စိခွဲစိတ်ခဲ့ပါတယ်။ ဒီနောက် ၂၃ ရက်နေ့မှာ ချီပါသို့ရောက်ရှိလာပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ဒါကြောင့်စစ်တွေက ပြန်လာတဲ့သူနဲ့ ထိတွေမှုရှိခဲ့လို့  home Quarantine ကနေ facility quarantine ကိုပြောင်းရွှေ့ရတာဖြစ်တယ်လို့ဆိုပါတယ်။  ရွှေဘိုမြို့မှဖွင့်လှစ်ထားတဲ့  facility quarantine စစ်တာမှာ Quarantine ဝင်နေသူ ရွှေဘိုမြို့နယ်မှ ၂၃ ဦးနဲ့  တခြားမြို့နယ်မှ ၂၃ဦး ရှိပြီး ပြည်ပက ပြန်လာသူ ၁၇ ဦးရှိပါတယ်။ သတင်း - ချိုသဲကြည်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up