Home
ရုပ်သံ
ကြည့်ရှုသူသန်းချီရှိနေသည့် အမျိုးသမီးကေပေါ့ပ်အဖွဲ့ BLACKPINKနှင့် ဆလီနာဂိုးမက်ဇ် သီချင်းသစ်(ရုပ်သံ)
DVB
·
August 28, 2020
       နာမည်ကြီး အမျိုးသမီးကေပေါ့ပ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့နဲ့ ပေါ့ပ်စတားတေးသံရှင် ဆလီနာဂိုးမက်ဇ်တို့ အတူသီဆိုထားကြတဲ့ သီချင်းသစ်-Ice Cream ဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုနားဆင် ကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပါတယ်။        သူတို့အဖွဲ့ဟာ ဒီသီချင်းမတိုင်ခင် ထွက်ရှိထားခဲ့တဲ့ How You Like That သီချင်းနဲ့ ယူကျုဘ်မှာ ၂၄ နာရီအတွင်း ကြည့်ရှုမှုအများဆုံး Most viewed YouTube video in the first 24 hours ၊ Most viewed Music Video on YouTube in the first 24 hours ၊ – Most viewed YouTube Music Video in fist 24 hours by a K-pop group စတဲ့ မှတ်တမ်း ၃ ခုအပြင် Most viewers for the premiere of a video on YouTube နဲ့ Most viewers for the premiere of a music video on YouTube  နဲ့ ဂရင်းနစ်စံချိန် ၅ ခုတင်နိုင်ခဲ့ပါသေးတယ်။ တချိန်က နာမည်ကြီး အမျိုးသမီးကေပေါ့ပ်အဖွဲ့တဖွဲ့ဖြစ်တဲ့ 2NE1 နဲ့ Big Bang အ ဖွဲ့တွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ YG Entertainment ကနေ ၂၀၁၆ ခုနှစ်မှာ စတင် ဖွဲ့စည်းပေးခဲ့တဲ့ BLACKPINK အဖွဲ့မှာ Jisoo ၊ Jennie ၊ Rosé နဲ့ Lisa အဖွဲ့ဝင် ၄ ယောက် ပါဝင်ပါတယ်။ Square One တေးအယ်လ်ဘမ်နဲ့ ပွဲဦးထွက်ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ Boombayah နဲ့ Whistle သီချင်းတွေကတော့ BKACKPINK ရယ်လို့ အသိအမှတ်ပြုသွားစေခဲ့ရတဲ့ သီချင်း တွေ ဖြစ်လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ နိုင်ငံတကာ နယ်လှည့်ဖျော်ဖြေပွဲတွေအထိ ခြေဆံ့နိုင်လာခဲ့ပြီး Ddu-Du Ddu-Du ၊ Kill This Love သီချင်းတွေကတော့ ရေပန်းစားအောင်မြင်တဲ့ သီချင်း တွေ ဖြစ်ပါတယ်။ သိပ်မကြာခင်ကတော့ နာမည်ကြီး အဆိုတော် လေဒီဂါဂါရဲ့ နောက်ဆုံးထွက် တေး အယ်လ်ဘမ်ထဲမှာ တွဲဖက်သီဆိုထားခဲ့တဲ့ Sour Candy သီချင်း ထွက်ရှိထားခဲ့ပါသေး တယ်။ နာမည်ကြီး မဂ္ဂဇင်းတွေဖြစ်တဲ့ တိုင်းမ်မဂ္ဂဇင်းနဲ့ ဖို့ဘ်မဂ္ဂဇင်းတွေကတော့ BKACKPINK အဖွဲ့ကို ထွန်းတောက်လာမယ့် ကြယ်ပွင့်နဲ့ ကိုရီးယားနိုင်ငံရဲ့ လွှမ်းမိုးမှုအရှိဆုံး ကျော်ကြားသူတွေအဖြစ် ရွေးချယ်ဖော်ပြခဲ့ကြဖူးပါတယ်။ ပရိသတ်အချစ်တော် နာမည်ကြီး ပေါ့ပ်စတား အဆိုတော် သရုပ်ဆောင်မင်းသမီး ဆလီနာဂိုးမက်ဇ်ကတော့ အသက် ၁၀ နှစ်အရွယ် ကလေးဘဝတည်းက ရုပ်သံစီးရီးစ် တွေမှာ သရုပ်ဆောင်ရင်း အနုပညာလောကထဲ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ လည်း ရုပ်သံစီးရီးစ်တွေနဲ့ ရုပ်ရှင်တွေမှာပါ ပါဝင်သရုပ်ဆောင်နေတာပါ။ ဂီတဘက်မှာတော့ Selena Gomez & the Scene ဆိုတဲ့အမည်နဲ့ ပေါ့ပ်တေးဂီတ အဖွဲ့နဲ့အတူ စတင်လှုပ်ရှားခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ပထမဆုံးတေးအယ်လ်ဘမ် Kiss & Tell ၊ ၂၀၁၀ ပြည့်နှစ်မှာ A Year Without Rain နဲ့ ၂၀၁၁ ခုနှစ်မှာ When the Sun Goes Down တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပါတယ်။ အဲဒီနောက် တကိုယ်တော် ဆိုလိုတေးအယ်လ်ဘမ်‌တွေအနေနဲ့ ၂၀၁၃ ခုနှစ်မှာ Stars Dance ၊ ၂၀၁၅ ခုနှစ်မှာ Revival  နဲ့ အခုနှစ် ၂၀၂၀ ပြည့်နှစ်မှာ Rare အယ်လ်ဘမ် နောက်ဆုံးထွက်ရှိထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အသက် ၂၇ နှစ်အရွယ် အဆိုတော်ဟာ အနုပညာလှုပ်ရှားမှု တွေရော လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်နေတာ ဖြစ်ပါတယ်။ ခုနောက်ဆုံးထွက်ရှိလာတဲ့ BLACKPINK အဖွဲ့နဲ့ သီချင်းသစ်-Ice Cream ထဲမှာ တော့ ဆွဲဆောင်မှုရှိတဲ့ အသံ၊ အမိုက်စား ကကွက်တွေ၊ ဆန်းပြားတဲ့ အလန်းစားဖက်ရှင် တွေကိုပါ ပရိသတ်တွေက ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024