သမ္မတသက်တမ်းတိုး အဆိုပြုချက် ထရမ့်လက်ခံ

1.3K
အမေရိကန်သမ္မတ ဒုတိယသက်တမ်းကို ထမ်းဆောင်ဖို့ ရီပတ်ဘလီကန်ပါတီရဲ့ ပြန်လည် အဆိုပြုချက်ကို သမ္မတ ဒေါ်နယ်ထရမ့်ဟာ သြဂုတ် ၂၇ ရက်က လက်ခံခဲ့ပါတယ်။
အခုအခါ ရီပတ်ဘလီကန် ပါတီညီလာခံပြီးဆုံးပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ဒီမိုကရက်သမ္မေလောင်း ဂျိုးဘိုင်ဒင်ကို ထိုးနှက်တဲ့ အထွေထွေ မဲဆွယ်ပွဲစတင်နေပါပြီ။
သမ္မတ ထရမ့် ပြန်ရွေးကောက်ခံမယ့် အဆိုပြုချက် လက်ခံတဲ့တချိန်တည်းမှာပဲ အိမ်ဖြူ တော်အပြင်ဘက်မှာ ထရမ့်ဆန့်ကျင်ရေးဆန္ဒပြသူတွေ စုဝေးပြီး တံပိုးခရာတွေမှုတ်ခဲ့ကြပါတယ်။
အဆိုပြုချက် လက်ခံတဲ့မိန့်ခွန်း သမ္မတထရမ့် သူတို့ရဲ့ ဆူဆူညံညံအသံကို ကြားစေဖို့ မျှော်လင့်ပြီး ဆန္ဒပြသူတွေက ခုလိုလုပ်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မတိုင်မီ လူထုစစ်တမ်းအရတော့ ဂျိုးဘိုင်ဒင်ဟာ ရှေ့ကဦးဆောင်နေပါတယ်။
သမ္မတ ထရမ့်ကတော့ လက်ရှိဖြစ်နေတဲ့ ကပ်ရောဂါ၊စီးပွားရေးပြသနာနဲ့ အမေရိကန်မြို့ အတော်များများမှာ ဖြစ်နေတဲ့လူမျိုးရေး တင်းမာမှုတွေကြောင့် လူထုစစ်တမ်းမှာ ထောက်ခံမှုကျ ဆင်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။