Home
မြန်မာသတင်း
မိတ္ထီလာတွင် မြောက်ဦးကပြန်လာသူနှင့် ထိတွေ့ဆက်နွှယ်သူ ၄ ဦး Quarantine ဝင်
DVB
·
August 27, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က တည်းခိုခန်းတခုမှာနေထိုင်တဲ့ အမျိုးသားတဦးဟာ မြောက်ဦးကနေ အလုပ်လုပ်ပြီး ပြန်လာတဲ့ သူငယ်ချင်းနဲ့ တွေ့ဆုံစကားပြောမိပြီးနောက် မိမိကိုယ်မိမိ သံသယရှိလို့ လူမှုကူညီရေးအသင်းနဲ့ ဌာနဆိုင်ရာတွေထံ အကူအညီတောင်းပြီး သြဂုတ် ၂၆ ရက်နေ့က Home Quarantine ဝင်နေပါတယ်။ ပြည်သာယာတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းမင်းမြတ်က "လွန်ခဲ့တဲ့ ၆ ရက် လောက်က ရခိုင်ပြည်နယ် မြောက်ဦးက အလုပ်လုပ်ပြီးပြန်လာတဲ့ သူငယ်ချင်းနဲ့ တွေ့ဆုံ စကားပြော မိတယ်တဲ့ ဒီနေ့တော့ တချက်တချက် နှာခေါင်းက အနံမရဖြစ်နေတယ် ပြောတယ်။ သူတို့အသိစိတ်နဲ့ သူတို့ အဲအိမ်မှာနေထိုင်သူ ၄ ဦး စလုံး Home Quarantine  ဝင်တယ်။ စားသောက်ရေးကို ရပ်ကွက်က အကူအညီပေးပါတယ်"လို့ ပြောပါတယ်။ ကျန်းမာရေးဦးစီးဌာန တာဝန်ကျသူနာပြုဆရာမ ဒေါ်နီနီလှိုင်က "မနေ့က အပူချိန်တိုင်း ထားတာကတော့ သာမန်ပါပဲ။ ဒီနေ့ညနေကျရင် ထပ်တိုင်းပေးမှာပါ။ ဓာတ်ခွဲစစ်ဆေးဖို့ နှာခေါင်း တို့ဖတ် အာခေါင်တို့ဖတ်တွေ ဆေးရုံကြီးက ယူသွားပါပြီ၊ အဖြေမရသေးပါဘူး"လို့ ပြောပါတယ်။ မိတ္ထီလာ ပြည်သာယာတောင် ၅ လမ်း နဲ့ ၆လမ်းအကြားက တည်းခိုခန်းမှာနေတဲ့ သံသယလူနာနဲ့ တခြားအမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး ပေါင်း ၄ ဦးကို Home Quarantine ထားရှိပြီး ကောလာဟာလတွေကို မယုံကြည်ကြဖို့ ပရဟိတအကျိုးဆောင် လူမှုရေးအသင်းအဖွဲ့ တွေက တိုက်တွန်းပါတယ်။ သတင်း - မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024