A d v e r t i s e m e n t With Us

ကျောက်ဖြူ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် သာယာဝတီဆေးရုံကသူနာပြုကို Quarantine ထားရှိ

ကျောက်ဖြူက ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား သူနာပြုတဦးနဲ့ လူနာလာပို့ရင်း ထိတွေ့မှုရှိခဲ့တဲ့ သာယာဝတီဆေးရုံက အမျိုးသမီးသူနာပြုတဦးအား Quarantine ထားရှိထားတယ်လို့ သိရပါတယ်။ သာယာဝတီခရိုင်ဆေးရုံကြီး ဒေါက်တာသူရဦးက "သြဂုတ် ၂၂ ရက်နေ့က ဆိုင်ကယ်အက်စီးဒင့်ဖြစ်ပြီး ဦးခေါင်းထိခိုက်ထားတဲ့ ကျောက်ဖြူကနေ ရန်ကုန်ကို ဆေးလာကုတဲ့ လူနာတဦးရောက်လာတယ်။ လူနာက သာယာဝတီနားရောက်တော့ နည်းနည်းဖောက်လာလို့ ဆေးရုံကိုဝင်လာတယ်။ ဒီမှာ သွေးပေါင်းချိန်တာတွေ ပြုလုပ်ပေးခဲ့တယ်။ သူတို့ရန်ကုန်ကိုဆက်သွားပြီး ထောက်ကြန့်အရောက်မှာ လူနာဆုံးသွားတယ်လို့သိ့ရတယ်။ အဲ့လူနာနဲ့ပါလာတဲ့ အမျိုးသား သူနာပြုက မနေ့က ရောဂါပိုးတွေ့တဲ့ သူစာရင်းထဲမှာပါတယ်လို့ သတင်းပေးတာနဲ့ သူတို့နဲ့ထိတွေ့ခဲ့တဲ့ အမျိုးသမီးသူနာပြုကို မနေ့က Quarantine ပို့ထားပါတယ်" လို့ ပြောပါတယ်။ သြဂုတ် ၂၁ ရက်နေ့ကစတင်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့က လာတဲ့ ကားတွေကို တိုက်ကြီးမြို့နယ် မီးနင်းချောင်းမှာ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပြီး ရန်ကုန်မြို့ရှိ Quarantine Center တွေကို ပို့ဆောင်ပေးနေပါတယ်။           သတင်း - မေသွယ်

A d v e r t i s e m e n t With Us

More News
Up