Home
မြန်မာသတင်း
မြို့ ၅ မြို့၏မြစ်ရေ စိုးရိမ်‌ရေမှတ်အထက် ကျော်လွန်နေ
DVB
·
August 27, 2020
118226333_1737569109731493_3358732890707766766_n
ဒီနေ့မနက် ၁၁ နာရီခွဲ တိုင်းထွာချက်အရ မြို့ ၅ မြို့ရဲ့ မြစ်ရေ စိုးရိမ်‌ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်း နိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ချောက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ စင်တီမီတာ  ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ လက်မလောက် ဆက်တက်လာနိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက် ကျော် လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း  ၁ ပေခွဲလောက် ဆက်တက်လာနိုင်ပါတယ်။ သံလွင်မြစ်ရေကတော့ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေလောက် ကျော်လွန် ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေ လောက် ရောက်ရှိနေပြီး ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။ ညောင်ဦးမြို့နယ်၊ ချောက်မြို့နယ်နဲ့ ဆိပ်သာမြို့တွေအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024