A d v e r t i s e m e n t With Us

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ပထမသီတင်းပတ် Blind Audition အဆင့်ကို ဖြတ်ကျော် နိုင်ခဲ့သူ ၈ ဦး

       ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 ပြိုင်ပွဲ ပထမသီတင်းပတ်မှာတော့ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ တဲ့ ပြိုင်ပွဲဝင် ၈ ယောက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။        The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲ ဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန် ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။ လတ်တလော ပထမသီတင်းပတ်မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့တဖွဲ့စီမှာ Blind Audition အဆင့်ကို ဖြတ်ကျော်ပြီး ရောက်ရှိလာခဲ့တဲ့ ပြိုင်ပွဲဝင် ၂ ယောက်စီနဲ့ စုစု ပေါင်း ၈ ယောက်ကို ရွေးချယ်နိုင်ခဲ့တာပါ။
  1. ဇာနည်ရဲ့ အဖွဲ့ထဲကိုတော့ နော်ပြည့်စုံအေးကြူနဲ့ Janus၊ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲ ကိုတော့ နေခြည်မိုးဦးနဲ့ ဖြုန်းတီး၊ ကျားပေါက်ရဲ့ အဖွဲ့ထဲကိုတော့Annie နဲ့ ရွှေမှုန်၊  နီနီ ခင်ဇော်ရဲ့ အဖွဲ့ထဲကိုတော့ Change နဲ့ ပန်တို့က အသီးသီးရောက်ရှိလာခဲ့ကြပြီ ဖြစ်ပါ တယ်။
       ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။        မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန် ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိ လာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုး သား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။ လာမယ့်တပတ်ရဲ့ Blind Audition အဆင့်မှာရော ပြိုင်ပွဲဝင်တွေထဲက ဘယ်လို ရွက်ပုန်းသီး အနုပညာရှင်‌တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှု ကြရမှာပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up