Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မှ လှိုင်သာယာကို  ပြန်လာသူ ၄ ဦးကို ကွာရန်တင်းစင်တာပို့
DVB
·
August 27, 2020
118315112_1803734796433055_4651328917467123611_n
118327066_1803734726433062_1935590589245749895_n
သက်ဆိုင်ရာကို အကြောင်းအကြားဘဲ  ရခိုင်ပြည်နယ်တောင်ကုတ်နဲ့ ကျောက်ဖြူကနေ ရန်ကုန်တိုင်းလှိုင်သာယာအနောက်ပိုင်းမြို့နယ်ကို  ရောက်ရှိလာသူ ၄ ဦးကို ရပ်/ကျေးပြည်သူတွေရဲ့ အသိပေးတိုင်ကြားချက်အရ  ကွာရန်တင်းစင်တာကို ပို့ဆောင်လိုက်ပါတယ်။ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက “ကွာရန်တင်းဝင်ဖို့ ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ ရောက်လာတာပါ။ ဒါကိုသတင်းရလို့ ကွာရန်တင်းဝင်ဖို့ သွားခေါ်တယ်။ သူတို့လည်း  မငြင်းပါဘူး။  လိုက်ကျလို့ လှိုင်ကွာရန်တင်းစင်တာကို ပို့လိုက်ပြီ။ အဓိကကတော့ ပိုးတွေ့တဲ့ဒေသကလာတဲ့သူတွေကို ကွာရန်တင်းပို့တဲ့သဘောပါပဲ။ သူတို့လည်း ကျန်းမာရေးကောင်းကြပါတယ်”  လို့ပြောပါတယ်။ ဒီလိုပို့ဆောင်ခံရသူ ၄ ဦးထဲမှာ  ၃ ဦးက တောင်ကုတ်မြို့နယ်ကနေ ကုန်တင်ကားတွေနဲ့ လိုက်လာပြီး  ဩဂုတ် ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာကျေးရွာကို ရောက်ရှိခဲ့သူတွေပါ။ ကျန်တစ်ဦးကတော့ လှိုင်သာယာမြို့နယ် ၇ ရပ်ကွက်၊ တေးဥယျာဉ် ၃ လမ်းမှာနေထိုင်သူဖြစ်ပြီး  ရန်ကုန်-ကျောက်ဖြူ ကားမောင်းသူ တစ်ဦးဖြစ်ပါတယ်။ သတင်း - ဇာခြည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024