မြောက်ဦးမြို့က ကိုဗစ်-၁၉ လူနာ ၂ လအရွယ်သမီးငယ် ကျန်းမာရေးကောင်းမွန်
DVB
·
August 27, 2020

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ လအရွယ်သမီးငယ် ကျန်းမာရေးကောင်းမွန်တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
အဲဒီနှစ်လသားအရွယ် သမီးငယ်လေးနဲ့ သူ့ရဲ့ မိခင်ဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့က တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ လူနာနံပါတ် ၄၄၀ နဲ့ ထိတွေ့ခဲ့သူတွေဖြစ်ပြီး မနေ့ကတော့ သူတို့နှစ်ဦးလုံးမှာ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့တာပါ။
လက်ရှိမှာတော့ သူတို့ရဲ့ကျန်းမာရေးအခြေအနေကကောင်းမွန်နေပြီး စိုးရိမ်စရာမရှိဘူးလို့ မြောက်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
သြဂုတ်လ ၂၆ရက်နေ့ မနက်ပိုင်းအထိ အတည်ပြုထုတ်ပြန်ချက်အရ မြောက်ဦးဆေးရုံမှာ အတည်ပြုလူနာ ၁၁ယောက်ထိရှိနေပြီဖြစ်ပါတယ်။
သတင်း - ထက်ဝေအောင်