ရီးရဲလ်တိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို ပေါင် ၃၁ သန်းဖြင့် အဲဗာတန်အသင်း ခေါ်ယူရန်စီစဉ်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ဟာ အဲဗာတန်အသင်းကို ပေါင် ၃၁ သန်းနဲ့ ပြောင်းရွေ့ဖို့ နီးစပ်နေပြီလို့ Goal သတင်းမှာ ဖော်ပြပါတယ်။ သူ့ကိုခေါ်ယူချင်တဲ့ အသင်းများစွာ ရှိနေပေမဲ့ အန်ဆယ်လော့တီရဲ့ အဲဗာတန်အသင်းဟာ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သတင်းမှာဖော်ပြပါတယ်။  ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမီယာမီကလည်း အသက် ၂၉ နှစ် အရွယ် ကိုလံဘီယာသားကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပေမယ့် ကစားသမားကတော့ သူရဲ့အသင်းသစ်အဖြစ် ပရီးမီးယားလိဂ်ကလပ်ကို ရွေးချယ်လိမ့်မယ်လို့ ယူဆရပါတယ်။  ဂျိမ်းဟာ သြဂုတ်လအစောပိုင်းအင်တာဗျူးတခုမှာ တခြားလိဂ်တွေထက်စာရင် ပရီးမီးယားလိဂ်ကို  ပြောင်းရွှေ့နိုင်ချေများတယ်လို့ ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။  “ကျနော်ထိပ်တန်းလိဂ်တော်တော်များများမှာ ကစားခဲ့ဖူးပေမယ့် စီးရီးအေနဲ့ ပရီးမီးယား လိဂ်မှာတော့ မကစားဖူးသေးပါဘူး။ ကျနော်ဘယ်အသင်းကို ပြောင်းဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် အင်္ဂလန်ကိုသွားတာက ကောင်းမွန်တဲ့အရာတခု  ဖြစ်လာနိုင်ပါ တယ်။ ပရီးမီးယားလိဂ်ဟာ ထိပ်တန်းလိဂ်တခုဖြစ်ပါတယ်” လို့ သူကပြောခဲ့ပါတယ်။  ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ ဂျိမ်းစ်ကို မိုနာကိုအသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းကို  ရောက်ရှိအောင် အန်ဆယ်လော့တီက ခေါ်ယူခဲ့တာဖြစ်ပါတယ်။  ဂျိမ်းစ်ဟာ အန်ဆယ်လော့တီလက်ထက်မှာ  ရီးရဲလ်မက်ဒရစ်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ အန်ဆယ်လော့တီအသင်းကနေထွက်ခွာပြီး နည်းပြသစ်ဇီဒန်းလက်ထက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရ ရှိဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။  သူဟာ ဘိုင်ယန်မြူးနစ်အသင်းကိုလည်း ၂ ရာသီ  အငှားနဲ့သွားကစားခဲ့ရပြီး ပြီးခဲ့တဲ့နွေရာသီ ရီးရဲလ်အသင်းကို ပြန်လည်ရောက်ရှိခဲ့ပေမယ့် ပွဲထွက်ခွင့် တနေရာရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။  ဂျိမ်းစ်နဲ့ဇီဒန်းတို့ကြားမှာ ပြဿနာကြီးကြီးမားမားရှိနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။  ဂျိမ်းစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပုံမှန်ပွဲ ထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့ အခြေအနေကြောင့် မပျော်မရွှင်ဖြစ်နေရတယ်လို့လည်း ထုတ်ဖော်ပြေ်ဆိုခဲ့ဖူးပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up