ပြည်တော်ပြန်မည့် မလေးရောက်မြန်မာများ အခက်အခဲကြုံ – မေးမြန်းချက်
ရွှေအောင်
·
June 17, 2013
မလေးရှားနိုင်ငံက ပြန်လာချင်တဲ့ မြန်မာအလုပ်သမားတွေ အခက်အခဲတချို့ ရှိနေပြီး ဒီအခက်အခဲတွေကို မြန်မာသံရုံးနဲ့ ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းကူညီဖြေရှင်း လုပ်ကိုင် ပေးနေပါတယ်။
အထူးသဖြင့် အခက်တွေ့နေသူတွေက ပတ်(စ)ပို့သက်တမ်းကုန်နေတဲ့သူတွေနဲ့ အထောက် အထားမရှိတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။
စနေနေ့က မြန်မာပြည်ပြန်သွားခဲ့တဲ့ အယောက် ၉၀ ကျော်ဟာ အထောက်အထား ရှိသူတွေဖြစ်ပြီး အထောက်အထားမဲ့ အခက်တွေ့နေသူ ၂၀ ကျော်ကို တနင်္လာနေ့မှာ ပြန်လည်ပို့ဆောင်ပေးဖို့ ရှိတယ်လို့လဲ သိရပါတယ်။
ဒီကိစ္စတွေကို မလေးရှားနိုင်ငံမှာ လိုက်လံကူညီ လုပ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဖောင်ဒေးရှင်းက လူထုဆက်ဆံရေးဒါရိုက်တာ ဦးရဲမျိုးဟိန်းနဲ့ ဆက်သွယ်မေးမြန်းထားတာ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။